AD
AD
AD

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းဟာ ပြိုင်ပွဲကြို ခြေစမ်းပွဲများ ကစားဖို့အတွက် တောင်ကြီးမြို့သို့ ထွက်ခွာသွားတယ်လို့ သိရပါတယ်။

play

 

မြန်မာအသင်းအနေ ဆီးဂိမ်းပြိုင်ပွဲအပြီး အသင်းနဲ့ လမ်းခွဲခဲ့တဲ့ နယ်သာလန် လူမျိုး နည်းပြနေရာမှာ မြန်မာလူမျိုးနည်းပြ ဦးဝင်းသူမိုးနဲ့ အစား ထိုးကာ ယခုပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်စေတာလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ တောင်ကြီးမြို့ကို ထွက်ခွာသွားပြီ ဖြစ်ပြီး မေလ ၁၇ ရက်နေ့မှာ ဟိုပုန်းလူငယ်အသင်းနဲ့လည်းကောင်း၊၁၉ ရက်နေ့မှာ တောင် ကြီး မျိုးဆက်သစ်လူငယ်အသင်းနဲ့လည်းကောင်း၊၂၁ ရက်နေ့မှာ ကယားလက်ရွေးစင်ဟောင်းများအသင်းနဲ့လည်းကောင်း၊အသီးသီး ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး တောင်ကြီးမြို့မှ တဆင့် မန္တလေးမြို့ကို ဆက်လက်ထွက်ခွာမယ်လို့ သိရပြီး မေလ ၂၅ ရက်နေ့မှာတော့ Lucky Home အကယ်ဒ မီအသင်းနဲ့လည်းကောင်း၊မေလ ၂၇ ရက်နေ့မှာတော့ Unity လူငယ်အသင်းနဲ့လည်းကောင်း၊၂၉ ရက်နေ့မှာတော့ မန္တလေး YPDD နည်းပြများအသင်းနဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကိုတော့ လာမယ့် ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး မြန်မာ အသင်းက အုပ်စု(ခ)တွင် ဗီယက်နမ်၊စင်ကာပူ၊အိမ်ရှင် အင်ဒိုနီးရှား၊ဖိလစ်ပိုင်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

Photos- Kyo Kyar Facebook Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD