AD
AD
AD

မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ၂၀၁၈ ခုနှစ် အေအက်ဖ်စီဖလား အာဆီယံဇုန် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဖိလစ်ပိုင်ကလပ် ဆီရက်စ်နီဂရိုးစ်အသင်းနဲ့ မနက်ဖြန် မေလ ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းအတွင်း ယှဉ်ပြိုင်သွားမှာ ဖြစ် ပါတယ်။

play

 

ပထမအကျော့ ဖိလစ်ပိုင်မြေမှာ ကစားခဲ့စဉ်က စီးရက်စ်အသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိထားတာကြောင့် ရန်ကုန်အသင်းအနေနဲ့ နောက်တစ်ဆင့် ကို တက်ရောက်နိုင်ဖို့ဆိုရင် ယခုပွဲစဉ်မှာ အနည်းဆုံး ၂-၀ ဂိုးနဲ့ အနိုင်ရဖို့လိုအပ်နေတာလည်း ဖြစ်ပါတယ်။

play

 

စီးရက်စ်အသင်းမှာ မြန်မာကလပ်အသင်းများနဲ့ တွေ့ဆုံတိုင်း ရလဒ်ကောင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ရှုံးပွဲလုံးဝမကြုံထားသ လို ရာနှုန်းပြည့်နိုင်ပွဲရထားတာလည်း ဖြစ်ပါတယ်။

လူငယ်တွေနဲ့ ယှဉ်ပြိုင်နေတဲ့ လူငယ်နည်းပြ ဦးမျိုးမင်းထွန်းအနေနဲ့ စီးရက်စ်အသင်းနဲ့တွေ့ဆုံတိုင်း ရလဒ်ဆိုးနေခဲ့တဲ့ မြန်မာကလပ်အသင်းတွေ ရဲ့ စံချိန်ဆိုးကို ယခုပွဲစဉ်မှာ ရပ်တန့်ပြနိုင်မလား ဆိုတာလည်း စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ အုပ်စုတွင်းမှာ အဆင့်(၁)နဲ့ ယခုအဆင့်ကို တက်လှမ်းခဲ့တာ ဖြစ်ပြီးစီးရက်စ်အသင်းကတော့ အဆင့်(၁)နဲ့ (၂) စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတဲ့အနေအထားမှာ အုပ်စုနောက်ဆုံးပွဲကို အရှုံးကစားခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံဖို့ ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်နည်းပြ ဦးမျိုးမင်းထွန်းက သုံးသပ်ပြောထားခဲ့ပါတယ်။

အဆိုပါ ရွေးချယ်မှု မှားယွင်းကြောင်း သက်သေပြသွားမယ်လို့လည်း ဦးမျိုးမင်းထွန်းက ပထမအကျော့ပွဲစဉ်မတိုင်မီက ထုတ်ပြောထားခဲ့တာ ကြောင့်လည်း အမှန်တစ်ကယ် လုပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD