AD
AD
AD

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ လာမယ့် မေလ ၂၆ ရက်နေ့မှာ တရုတ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာနဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်က ပြောပါတယ်။

play

 

ဒီကနေ့ မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်အမျိုးသား ဘောလုံးအသင်း အတွက် နည်းပြသစ် ခန့်အပ်ပွဲ တရားဝင် သတင်းစာရှင်းလင်းပွဲအခမ်းအနားမှာ ဦးတင်မြင့်အောင်က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

play

 

နည်းပြချုပ်အသစ်အနေနဲ့ လက်ရှိမှာ လိဒ်ယူနိုက်တက်အသင်းရဲ့ ခြေစမ်းခရီးစဉ်နဲ့ ယနေ့မှာကစားမယ့် ရန်ကုန်အသင်းရဲ့ အေအက်ဖ်စီဖလား ပြိုင်ပွဲတွေလောက်ကိုသာ လေ့လာထားနိုင်သေးတယ်လို့လည်းသိရပါတယ်။

"ကျွန်တော်တို့ ၂၁ ရက်နေ့မှာတော့ လေ့ကျင့်ခန်း စတင်လုပ်ဆောင်ပါမယ်။ အခုလောလောဆယ်တော့ သူလိုက်ကြည့်ထားတဲ့ပွဲ ၅ပွဲလောက်ပဲ ရှိ ပါသေးတယ်။ဒီမတိုင်ခင်ကလည်း မြန်မာ့ဘောလုံးလောကအကြောင်းတွေကို လေ့လာထားတယ်လို့ ဆိုပါတယ်။ ကစားသမားတွေကိုတော့ နည်း ပြအဖွဲ့နဲ့ တိုင်ပင်ပြီး တရုတ်နဲ့ ခြေစမ်းပွဲစဉ်အတွက် လူရွေးထားတာ ရှိပါတယ်။" လို့ ဦးတင်မြင့်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ အန်တိုနီဟေးကို ၂၀၁၉ ဒီဇင်ဘာလအထိ သက်တမ်းရှိတဲ့စာချုပ်တစ်ရပ်နဲ့ခေါ်ယူထားတာ ဖြစ်ပြီး အန်တို နီဟေးအနေနဲ့ လက်ရွေးစင်အသင်းနဲ့ ယူ-၂၃ အသင်းတွေကို တာဝန်ယူ ကိုင်တွယ်ရမယ်လို့လည်း သိရပါတယ်။

လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြအဖွဲ့ကိုတော့ အန်တိုနီဟေးအတွက် လက်ထောက်နည်းပြတစ်ဦးနဲ့ ဂိုးနည်းပြတစ်ဦးပြင် ဦးစိုးမြတ် မင်းတို့ကို ပူးတွဲတာဝန်ပေးထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD