AD
AD
AD

ဒီကနေ့ ယှဉ်ပြိုင်ခဲ့တဲ့ စီးရက်စ်အသင်းနဲ့ အေအက်ဖ်စီဖလား အာဆီယံဇုန် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ရန်ကုန်အသင်းက ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၆-၅ ဂိုးနဲ့ နောက်တစ်ဆင့် တက်ရောက်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

play

 

ပထမအကျော့ စီးရက်စ်အသင်းရဲ့ အိမ်ကွင်းမှာ ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယခုအိမ်ကွင်းပွဲစဉ်မှာ ရန်ကုန်အသင်းအနေနဲ့ အနိမ့်ဆုံး ၂ ဂိုး ဂိုးမရှိ အနိုင်သို့မဟုတ် ၃-၁ ဂိုး စသဖြင့် ပြန်လည်အနိုင်ရရှိမှသာလျှင် နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

play

 

ရန်ကုန်အသင်းအနေနဲ့ ယခုပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် ဂိုးသမားကျော်ဇင်ထက်ကို တာဝန်ပေးခဲ့ပြီး နိုင်ငံခြားသား ၄ယောက်ကို လူငယ် ကစားသမားတွေနဲ့ တွဲဖက်ကစားစေခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။

ပွဲစလို့ ၂ မိနစ်မှာပဲ ဂျပန်ကွင်းလယ်လူ ကော့ဆူကီက အဖွင့်ဂိုးသွင်းယူခဲ့တာကြောင့် ရန်ကုန်အသင်း ဦးဆောင်ဂိုးရခဲ့ပေမယ့်လည်း ၈ မိနစ် အရောက်မှာတော့ မန်နူရယ်က ချေပဂိုး တစ်ဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် ပထမပိုင်း တစ်ဖက်တစ်ဂိုးစီသရေကျနေခဲ့ရာမှ ဒုတိယပိုင်းအရောက်မှာတော့ မာရန်နွန်က နောက်ထပ် ဂိုးတစ်ဂိုး ထပ်မံသွင်းယူခဲ့တာကြောင့် စီးရက်စ်က ၂-၁ ဂိုးနဲ့ အဝေးကွင်းမှာ ဦးဆောင်နေခဲ့ပါတယ်။

ဒီဂိုးသွင်းယူခဲ့တဲ့ မာရန်နွန်မှာ တစ်ဖက် ရန်ကုန်ကစားသမားကို ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူမျိုး ပြုမူ အောင်ပွဲခံခဲ့လို့ ကွင်းလယ်ဒိုင်က အနီကဒ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

အဲ့နောက် ရန်ကုန်အသင်းက လူစားလဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး လူငယ်တိုက်စစ်မှူး အီစိုးက ဆယ်လာရဲ့ ခေါင်းတိုက်ချပေးမှုကနေ ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် ရန်ကုန်တိုက်စစ်မှူး အီမန်နူရယ် တစ်ဖက် ကစားသမား မျက်နှာကို လက်နဲ့ ရိုက်မိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က နောက်ထပ် အ၀ါကဒ်ပြသကာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။

ဆက်လက်ပြီး ရန်ကုန်အသင်း တိုက်စစ်မြှင့်တင်ခဲ့ရာ ၈၇ မိနစ်အရောက်မှာ လက်ထိခဲ့လို့ရတဲ့ ပင်နယ်တီကို ဆယ်လာက ကန်သွင်းပြီး ရန်ကုန် အသင်းရဲ့ မျှော်လင့်ချက်ကို ရှင်သန်စေခဲ့ပါတယ်။

လေလွင့်ချိန် ၇ မိနစ်ပေးခဲ့ရာမှာတော့ စီးရက်စ်က နောက်ထပ် ဂိုးမပေးရရေး ကစားသွားတာကြောင့် ရန်ကုန်အသင်း နောက်ထပ် ဂိုးမရတော့ပဲ ၃-၂ ဂိုးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒီပွဲမှာ အနိုင်ရပေမယ့် အာဆီယံဇုန် ဖိုင်နယ်မတက်ရောက်နိုင်ခဲ့တဲ့ ရန်ကုန်အသင်းဟာ စီးရက်စ်အသင်းနဲ့တွေ့တိုင်း အရှုံးပေးနေရတဲ့ မြန်မာက လပ်တွေရဲ့ မှတ်တမ်းဆိုးကိုမူ ချေဖျက်ပေးနိုင်ခဲ့ပါတယ်။

စီးရက်စ်အသင်းမှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ၃ကြိမ်တွေ့ဆုံထားပြီး ၃ကြိမ်စလုံးအနိုင်ယူထားသလို ရန်ကုန်ယူနိုက်တက်ကိုလည်း ပထမအ ကျော့က အနိုင်ယူထားကာ မြန်မာအသင်းတွေနဲ့တွေ့တိုင်း အနိုင်ရရှိထားတဲ့စံချိန်ကို ရန်ကုန်အသင်းက ယခု ပြန်လည်ချိုးဖျက်လိုက်တာ လည်း ဖြစ်ပါတယ်။

Photos- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD