AD
AD
AD

တရုတ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲကစားဖို့အတွက် မြန်မာ့လက်ရွေးစင်အသင်းကို ကစားသမား ၂၂ ယောာက်နဲ့ စုစည်းလေ့ကျင့်မှုများကို မ နေ့က စတင်ပြုလုပ်ခဲ့ပါတယ်။

play

 

နည်းပြသစ် အန်တိုနီဟေးနဲ့အတူ ပထမဆုံးလေ့ကျင့်ခန်း စတင်ခဲ့တဲ့မနေ့ကမေလ ၂၁ ရက်နေ့မှာတော့ နောက်ခံလူ နန္ဒကျော်မှာ ဒဏ်ရာပြဿ နာအနည်းငယ်ရှိနေတာကြောင့် ပါဝင်လာခဲ့ခြင်းမရှိတာကိုတွေ့မြင်ရပါတယ်။

play

 

"နန္ဒကျော်အစား တစ်ယောက်ကို ပြန်အစားထိုးထားပါတယ်။အဆိုပါ ကစားသမားကတော့ စိုးမိုးကျော်ပါ။ ဘယ်နောက်ခံလူနေရာမှာ ဗဟိုခံစစ် မှူးတစ်ယောက်ကို အစားထိုးတာကတော့ ဘယ်နောက်ခံ နေရာမှာ ကစားနိုင်တဲ့ ကစားသမားတွေ အများကြီးရှိနေပြီး ဗဟိုခံစစ်နေရာအတွက် လူငယ်ကစားသမားကို အတွေ့အကြုံရစေချင်လို့ ရွေးချယ်ထားတာ ဖြစ်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ယခုရွေးချယ်ထားတဲ့ အသင်းမှာ လူငယ်တွေ များစွာ ပါဝင်နေတာကိုတော့ သတိထားမိစေချင်ပါတယ်။အကြောင်းကတော့ ဒီအသင်းဟာ ယူ-၂၃ အသင်း အတွက် ရည်ရွယ်စုဖွဲ့ထားတာ ဖြစ်လို့ပါပဲ။" လို့ နည်းပြ အန်တိုနီဟေးက ပြောပါတယ်။

စိုးမိုးကျော်မှာ ယူ-၁၈ အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး အရပ်အမောင်းမြင့်မားပြီး ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ဗဟိုနောက်ခံလူ တစ်ဦး ရှိသင့်ရှိထိုက်တဲ့ အချိုးအစားကို ပိုင်ဆိုင်ထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဘရူနိုင်း ဘရင့်ဖလား ဖိတ်ခေါ်ပွဲကို သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့အသင်းနဲ့အတူ နောက်ဆုံး ပါဝင်ကစားထားသူလည်း ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း ယခုရွေးချယ်ထားတဲ့ လူစာရင်းအရ နန္ဒကျော်ရဲ့ ဘယ်နောက်ခံနေရာမှာ စည်သူအောင်၊သိန်းသန်းဝင်း၊မင်းကျော်ခန့် ၊ ကျော်ဇင်ဦး အစရှိတဲ့ ကစားသမားများ ပါဝင်ကစားနိုင်သေးကြောင်းလည်း သိရပါတယ်။

ကစားသမားအများစုမှာ ယူ-၂၃ အရွယ် ကစားသမားများစုဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်မယ့် အာရှ အားကစား ပွဲတော်ကို ၀င်ရောက်ယှဉ် ပြိုင်မယ့် ယူ-၂၃ အသင်းအတွက် ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

တရုတ်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲစဉ်ကိုတော့ လာမယ့် မေလ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံ နန်ဂျင်းပြည်နယ်တွင် ကစားသွားမှာ ဖြစ်ပါ တယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD