AD
AD
AD

၂၀၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအသင်းရဲ့ နောက်တန်းမှာ အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ နောက်ခံလူ သီဟထက်အောင်အနေနဲ့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေခဲ့သလို ပွဲပယ်ပြစ်ဒဏ်တွေကြောင့်လည်း လိဂ်ပွဲတွေနဲ့ ဝေးနေခဲ့ရပါတယ်။

play

 

ယခုအခါမှာတော့ ရန်ကုန်ယူနိုကတက်အသင်းကနေ ဇွဲကပင်ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ပွဲထွက်ခွင့်ပြန်လည်ရရှိနိုင်ရေး အတွက် ဇွဲကပင်အသင်းမှာ ကစားသမားဘ၀ကို အစကနေ ပြန်လည်ကြိုးစားသွားမယ်လို့ ဆိုလာခဲ့ပါတယ်။

play

 

"ဘောလုံးမကစားရတာ ၆ လလောက် ရှိနေပါပြီ။ ဒီကြားထဲမှာ ဇာတိမြေကို ပြန်ပြီးအနားယူနေခဲ့ပါတယ်။အခု မြန်မာလိဂ် ဒုကျော့မှာ အသင်း သစ်နဲ့ ကစားခွင့်ရခဲ့ပေမယ့်လည်း ၆လလောက် ပွဲဝေးသွားတဲ့ ကစားသမားတစ်ယောက်အတွက် အချိန်တော့ ပြန်ယူရမှာပါ။ ဘောလုံးသမား တစ်ယောက်အတွက် ဘောလုံးမကစားရပဲ ဖြစ်နေခဲ့ရင် ယုံကြည်မှုတွေ ပျောက်ဆုံးတတ်ပါတယ်။ပိုဆိုးစေတာက စိတ်လေစေပါတယ်။ကျွန်တော် လည်း ပထမမှာ မှားခဲ့တာတွေရှိခဲ့တဲ့ ၆ ပွဲပယ်ခံခဲ့ရပြီးနောက်မှာ စိတ်လေခဲ့တယ်။နောက်ပိုင်းမှာ ဘောလုံးသမားတစ်ယောက်ရဲ့ စိတ်တွေပြန်ဝင် လာခဲ့ပါတယ်။ဒါကြောင့်လည်း အခုလို အကောင်းဆုံး ပြန်လည်စတင်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။" လို့ သီဟထက်အောင်က ပြောပါတယ်။

play

 

လက်ရှိမှာတော့ ဇွဲကပင်ယူနိုက်တက်အသင်းက ခေါ်ယူစာချုပ်ချုပ်ဆိုထားပြီး အသင်းသစ်နဲ့အတူ အကောင်းဆုံးပြန်လည်ကြိုးစားကာ ပရိသတ် များ လိုချင်နေတဲ့၊မြင်ချင်နေတဲ့ သီဟထက်အောင် ပြန်လည်ဖြစ်အောင် ကြိုးစားသွားမယ်ဆိုတဲ့အကြောင်း လက်ရွေးစင်ကစားသမားအဖြစ် လည်း တစ်ဖန်ပြန်လည် ကစားခွင့်ရရှိစေနိုင်ဖို့အကြောင်းတို့ကိုလည်း ပြောခဲ့ပါတယ်။

"ပရိသတ်တွေအားလုံးကို တောင်းပန်ပါတယ်။အခု ကျွန်တာ် ဒုတိယအကျော့မှာ မြက်ခင်းစိမ်းတွေပေါ် ပြန်လာတော့မှာပါ။ဇွဲကပင်အသင်းနဲ့အတူ အကောင်းဆုံး ပြန်လည်ကြိုးစားပြီး လက်ရွေးစင်ကစားသမားတစ်ယောက်ပြန်ဖြစ်အောင် လုပ်ဆောင်သွားပါမယ်။စည်းကမ်းမကောင်းခဲ့တာတွေ အားလုံးအတွက်လည်း ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားတစ်ယောက်ဖြစ်အောင် ပြန်ကြိုးစား သွားမယ်လို့လည်း ကတိပေးပါတယ်။" လို့ ၎င်းကဆက်လက်ပြောခဲ့ပါတယ်။

ယခုလို လက်ရွေးစင် ပြန်လည်ဖြစ်ရေး ကြိုးစားခွင့်ပေးခဲ့တဲ့ ဇွဲကပင်ယူနိုက်တက်အသင်းပိုင်ရှင်ကိုလည်း -" အသင်းတော်တော်များများက ကျွန် တော့်ကို စည်းကမ်းမကောင်းဘူး၊ထိန်းနိုင်ပါ့မလားဆိုတဲ့အတွေးတွေနဲ့ခေါ်ယူဖို့ တွန့်ဆုတ်နေချိန်မှာ ဇွဲပင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးလှဋ္ဌေးက အခုလို ခေါ်ယူပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။အဲ့အတွက်လည်း ဇွဲကပင်ယူနိုက်တက်အသင်းအတွက်ကျွန်တော် အစွမ်းကုန်ပေး ဆပ် ကစားပေးသွားမှာပါ။ " လို့ ပြောခဲ့ပါတယ်။

သီဟထက်အောင်မှာ ၂၀၁၅ ခုနှစ်က ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်ရခဲ့တဲ့ မြန်မာ ယူ-၂၀ အသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦးဖြစ်ပြီး ရန်ကုန် အသင်းရဲ့ကစားသမားတစ်ဦးလည်း ဖြစ်ကာ ယခုအခါ ဇွဲကပင်ယူနိုက်တက်အသင်းက ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ဇွဲကပင်ယူနိုက်တက်အသင်းအနေနဲ့ ယခင်ကလည်း တင်ဝင်းအောင်၊ကျော်ဇင်ထက်တို့ကို ခေါ်ယူခဲ့ဖူးပြီး အဆိုပါ ကစားသမားများမှာလည်း အသင်းနဲ့အတူ ပွဲထွက်ခွင့်ရရှိခဲ့ပြီး လက်ရွေးစင် တစ်ဖြစ်လည်း ပြန်လည်ခေါ်ယူခြင်းခံရတဲ့အထိ တိုးတက်မှုတွေ ရှိခဲ့တဲ့ သာဓကကောင်းတွေ ပိုင်ဆိုင်ထားခဲ့တာကြောင့် သီဟထက်အောင်ကိုလည်း ဇွဲကပင်ယူနိုက်တက်အသင်း လက်ရွေးစင် ကစားသမားအဖြစ် ပြန်လည် အသက်သွင်း ပေးနိုင်အုံးမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD