AD
AD
AD

မေလ ၂၆ ရက်နေ့မှာ ကစားမယ့် တရုတ်အသင်းနဲ့ခြေစမ်းပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အသင်းကို ကစားမား ၂၂ ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး နည်းပြ ချုပ် အန်တိုနီဟေးက တာဝန်ယူကို်င်တွယ်ခဲ့ပါတယ်။

play

 

အသင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ပြီး လေ့ကျင့်ပြင်ဆင်ခဲ့ကာ ဒီကနေ့ မနက် ၁နာရီကတော့ လေကြောင်းခရီးစဉ်နဲ့ တရုတ်နိုင်ငံကို ထွက် ခွာသွားခဲ့တယ်လို့သိရပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ လေ့ကျင့်ပြင်ဆင်ချိန် အနည်းငယ်အတွင်းမှာ ရသလောက်အကောင်းဆုံး စုစည်းလေ့ကျင့်ခဲ့ကြပြီး လူငယ်ကစားသမား အ များအပြားနဲ့ မျက်နှာသစ်ကစားသမားများလည်း ပါဝင်လာခဲ့ပါတယ်။

play

 

ဒါ့အပြင် အသင်းရဲ့ လူဟောင်းတစ်ချို့ ပြန်လည်မပါဝင်လာတော့ပဲ အသင်းခေါင်းဆောင်အဖြစ် ရန်ကုန်နောက်ခံလူ ဇော်မင်းထွန်းကို ပြောင်းလဲ တာဝန်ပေးခဲ့ထားတယ်လို့လည်းသိရပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံခရီးစဉ်ကို တိုက်စစ်မှူးဇင်မင်းထွန်းနဲ့ ဝေယံဦးတို့ လိုက်ပါခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။

" ဇင်မင်းထွန်းက ဒူးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ဝေယံဦးလည်းဒဏ်ရာပြဿနာအနည်းငယ်ရှိခဲ့လို့ ကျန်ရစ်ခဲ့တာလို့သိရပါတယ်။ အစားထိုး ခေါ်ယူသွားခြင်းတောာ့ မရှိပါဘူး။ကျန် ၂၀ ဦးနဲ့ပဲ တရုတ်ကို ထွက်ခွာသွားပါပြီ။" လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦး ကိုကိုသိန်းက ပြောခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ယခုလူစာရင်းမှာ ယူ၂၃ အသင်းကို အခြေခံ ရွေးချယ်ထားတယ်လို့ သိရပြီး လာမယ့် သြဂုတ်လအတွင်း ကစားရမယ့် အာရှ အားကစားပွဲတော်အတွက် ရည်ရွယ်ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့လည်း နည်းပြအန်တိုနီဟေးက ပြောထားပါတယ်။

လူငယ်အများစု လိုက်ပါသွားတဲ့ မြန်မာအသင်းမှာတော့ မူလ ရွေးချယ်ထားတဲ့ နန္ဒကျော်နေရာမှာလည်း ယူ -၂၁ အသင်းမှ စိုးမိုးကျော်ကို အစား ထိုးပြန်လည်ရွေးချယ်ထားရတယ်လို့ သိထားရပြန်ပါတယ်။

နန္ဒကျော်မှာလည်း ဒဏ်ရာပြဿနာကြောင့် အသင်းလူစာရင်းကနေ ပြန်လည်ထွက်ခွာသွားခဲ့ရတာ ဖြစ်ပြီး နောက်ခံလူ စိုးမိုးကျော်မှာ ယူ-၁၈ အသင်းကို အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့သူလည်း ဖြစ်ပါတယ်။

လက်ရှိမြန်မာအသင်းရဲ့ လူစာရင်းမှာ ၀ါရင့်ကစားသမားများအဖြစ် ဂိုးသမား ကျော်ဇင်ထက်၊ဇော်မင်းထွန်း၊ သိန်းသန်းဝင်း၊ဒေးဗစ်ထန်၊အောင်မြင့်ထွန်းတို့သာ ပါဝင်လာခဲ့ပြီး ကျန်ကစားသမားများမှာ လူငယ်ကစားသမားများသာ ဖြစ်ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD