AD
AD
AD

မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းနဲ့ တရုတ်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်ကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်ပြသပေးနိုင်မှာမဟုတ်ပဲ အွန်လိုင်းမှ တဆင့် ပြသနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါ တယ်။

play

 

"ရုပ်သံကပြဖို့တော့ မရှိပါဘူး။ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘုတ်စာမျက်နှာထက်မှာ တိုက်ရိုက် ပြသနိုငိဖို့တော့ ကြိုးပမ်းနေပါတယ်။" လို့ ၎င်းကပြောပါတယ်။

play

 

မြန်မာအသင်းနဲ့ တရုတ်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်ကို တရုတ်နိုင်ငံ နန်ဂျင်းပြည်နယ်မှာ ကစားသွားမှာ ဖြစ်ပြီး အာရှ အားကစားပွဲတော်အကြို ခြေစမ်းကစားခြင်းဖြစ်တာနဲ့အညီ မြန်မာအသင်းကတော့ လူငယ်ကစားသမားအများစုကို ခေါ်ဆောင်သွားတာ တွေ့ရပါတယ်။

လက်ရှိမှာ နည်းပြသစ် အန်တိုနီဟေးက မြန်မာအသင်းကို တာဝန်ယူကိုင်တွယ်နေပြီး ယခုပွဲစဉ်ဟာ ၎င်းအတွက်မြန်မာ့လက်ရွေးစင်အသင်းနဲ့ အတူ ပထမဆုံး ကစားရမယ့် ပွဲလည်း ဖြစ်လာခဲ့မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာ့အဆင့် ရပ်တည်မှုအရ ကိုယ့်ထက် အဆင့်များစွာ မြင့်မးနေတဲ့အသင်းတစ်သင်းလည်းဖြစ် ၂၀၀၆ ကမ္ဘာ့ဖလားရ အီတလီ အသင်းကို တာဝန်ယူခဲ့တဲ့ နည်းပြကြီး လစ်ပီ တာဝန်ယူကိုင်တွယ်နေတဲ့အသင်းလည်း ဖြစ်တာကြောင့် မြန်မာအသင်းအတွက် ရလဒ်ပိုင်းထက် အတွေ့အကြုံပိုင်းသာ ပိုမို အားကောင်းနေမှာတော့ ရှိနေပါတယ်။

ပွဲစဉ်ကိုတော့ မြန်မာစံတော်ချိန် မေလ ၂၆ ရက်နေ့ ညနေ ၆ နာရီခ ၀၅ မိနစ်မှာ ကစားမယ်လို့ သိထားရပြီး ကစားသမား ၂၀ ဦးခေါ်ဆောင် သွားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD