AD
AD
AD

မနေ့က တရုတ်နိုင်ငံ နန်ဂျင်းပြည်နယ်မှာ တရုတ်လက်ရွေးစင်အသင်းနဲ့ မြန်မာ့လက်ရွေးစင်အသင်းတို့ ခြေစမ်း ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ တရုတ်လက်ရွေးစင်အသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ ကိုယ့်ထက် ကမ္ဘာ့အဆင့်ရပ်တည်မှုများစွာ မြင့်မားတဲ့ အာရှ ထိပ်တန်း အသင်းကြီး တစ်သင်းကို အချိန်တိုတွင်းလေ့ကျင့်ပြင်ဆင်နိုင်ခဲ့ပေမယ့်လည်း အခုလို ကျဉ်းမြောင်းတဲ့ ရလဒ်တစ်ခုထွက်ပေါ် လာအောင် ကစားနိုင်ခဲ့တဲ့အပေါ် နည်းပြ အန်တိုနီဟေးရဲ့ နည်းစနစ်ပိုင်းက စိတ်ဝင်စားဖွယ်ကောင်းနေပါတယ်။

play

 

နည်းပြကိုယ်တိုင်ကလည်း အဆိုပါ ပွဲမှ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်အားရမိကြောင်းနဲ့ အခုလို မိမိထက်အင်အားကြီးမားတဲ့ အာရှထိပ်တန်း အသင်းကြီးတစ်သင်းကို သူတင်ကိုယ်တင်ကစားနိုင်ခဲ့ကာ အကောင်းဆုံး စနစ်တစ်ကျ ကစားနိုင်ခဲ့တယ်လို့လည်း ထုတ်ဖော်ပြောခဲ့ပါတယ်။

play

 

“ဒီနေ့ ခြေစမ်းပွဲက အသင်းရလဒ်အတွက်တော့ ဘာမှပြောစရာ မရှိပါဘူး။ ကျွန်တော့် ကစားသမားတွေရဲ့ စွမ်းဆောင်မှုနဲ့ ရလဒ်ကိုအပြည့်အ၀ အားရကျေနပ်သလို ရလဒ်အတွက်လည်း ၀မ်းနည်းခြင်း မရှိပါဘူး။ ဒီခြေစမ်းပွဲကနေ ကျွန်တော်တို့ အများကြီး အတွေ့အကြုံကောင်းတွေ ရခဲ့သလို တန်ဖိုးရှိတဲ့ ခြေစမ်းပွဲလည်း ဖြစ်ခဲ့ပါတယ်။ တရုတ်လက်ရွေးစင် အသင်းဟာ အာရှရဲ့ ထိပ်တန်း
အသင်းကြီး တစ်သင်းပါ။ နာမည်ကျော်ပြီး ပြည့်စုံကြွယ်ဝတဲ့ လိဂ်ပြိုင်ပွဲနဲ့ ကလပ်အသင်းတွေက ကစားသမားကောင်းတွ နဲ့ဖွဲ့စည်းထားတဲ့အသင်းကို ကျွန်တော်တို့ အကောင်းဆုံး တုံ့ပြန်ကစားနိုင်ပါတယ်။ ချေပဂိုးဖြစ်စေမယ့် တန်ပြန် ဖန်တီးမှုတွေလည်း ဒုတိယပိုင်းမှာ ရရှိခဲ့ပါသေးတယ်။ ဒီနေ့ ခြေစမ်းပွဲက နှစ်သင်းစလုံးအတွက်အကောင်းဆုံး ခြေစမ်းပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်" လို့ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြသစ်အနေနဲ့ ယခုပွဲစဉ်မတိုင်မီ မြန်မာအသင်းကို ၄ ရက်သာ တာဝန်ယူ ကိုင်တွယ်ခွင့်ရခဲ့တာ ဖြစ်ပြီး အာရှထိပ်တန်းအသင်းကြီးတစ်သင်းကို ရင်ဆိုင်ခဲ့ရာဖြစ်ပါတယ်။

ရလဒ်ပိုင်းရှုံးနိမ့်ခဲ့ပေမယ့်လည်း ကျဉ်းမြောင်းတဲ့ ဂိုးရလဒ်၊ကစားသမားတွေရဲ့ စိတ်ဓာတ်၊ပြောင်းလဲဟန် မြင်နေ ရတဲ့ ကစားကွက်နဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်လည်းနည်းပြသစ်ရဲ့ တာထွက်ခရီးက အခြေအနေ ကောင်းခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

အန်တိုနီဟေးရဲ့ ဒုတိယခြေလှမ်းကတော့ လာမယ့် သြဂုတ်လမှာ ကစားရမယ့် ၄ နိုင်ငံ ဖိတ်ခေါ်ဖလား ပွဲစဉ်ဖြစ် ပြီးအဆိုပါပ ပွဲစဉ်ကတော့ ယူ ၂၃ အသင်းကိုတာဝန်ယူကိုင်တွယ်ရမှာဖြစ်ကာ ယခု လက်ရွေးစင်အသင်းမှ ကစား သမားအများစုနဲ့ အခြေခံ ဖွဲ့စည်းသွားမယ်လို့လည်း သိရပါတယ်။

Photos - MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD