AD
AD
AD
play

 

မြန်မာ့လက်ရွေးစင်ကစားသမား အောင်သူ ပါဝင်ကစားနေတဲ့ ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းရဲ့ အမှတ်ပေးပွဲစဉ်တစ်ပွဲအဖြစ် မနေ့က စနေနေ့ညနေပိုင်းက ၎င်းတို့အသင်းရဲ့ အိမ်ကွင်း တီအိုဒိုရို ကွင်းအတွင်း Navy အသင်းကို ဧည့်ခံ ကစားခဲ့ပါတယ်။

play

 

ရှေ့နှစ်ပွဲဆက် ရှုံးနိမ့်ထားမှုကြောင့် ယခုအိမ်ကွင်းပွဲစဉ်မှာ Police Tero အသင်း မဖြစ်မနေ အနိုင်ရရှိဖို့အတွက် တိုက်စစ် အစွမ်းကုန်မြှင့်တင်ကစားခဲ့ရာမှာတော့ ၆-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

play

 

ပထမပိုင်းမှာ ၄ ဂိုးသွင်းယူခဲ့ရာမှာတော့ တိုက်စစ်မှူး အန်ဒရေ တစ်ဦးတည်းက ၃ ဂိုးအထိသွင်းယူခဲ့တာ ဖြစ်ပြီး မားကို့စ်က တစ်ဂိုးသွင်းခဲ့ပါတယ်။

အောင်သူအနေနဲ့ ယခုပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၈၁ မိနစ်မှာ ၆ ဂိုးမြောက်ဂိုးကိုသွင်းယူ ပေးခဲ့သလို ပထမပိုင်းမှာ ရရှိခဲ့တဲ့ ဂိုး ၃ ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အသင်းအတွက် သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီဖြစ်ကာ ဂိုးဖန်တီးမှု ၇ ကြိမ် အထိ ပြုလုပ်ထားနိုင်ပြီလည်း ဖြစ်ပါတယ်။

၎င်းရဲ့အသင်းဟာလည်း အဆင့် ၁၂ နေရာကို ပြောင်းလဲ ရပ်တည်ထားနိုင်ခဲ့ပါပြီ။

အောင်သူဟာ ယခုနှစ်ဘောလုံးရာသီမှာ မြန်မာနေရှင်နယ်လိဂ် ကလပ် ရတနာပုံအသင်းမှ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပြီး ထိုင်းလိဂ်၁ မှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဂျပန်လိဂ်(၂)အသင်းအချို့က စိတ်ဝင်စားနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

Photos- Police Tero

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD