AD
AD
AD

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်ဟာ မနေ့က မွန်းလွဲပိုင်းက ကျော်မင်းဦး၊ငြိမ်းချမ်းအောင်နဲ့ သီဟထက်အောင်တို့ကို ခေါ်ယူတွေ့ဆုံခဲ့ တယ်လို့ သိရပါတယ်။

play

ယခုလို ရုတ်တရက် ခေါ်ယူတွေ့ဆုံခဲ့ရာမှာတော့ အဓိကအနေနဲ့ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတဲ့ ကျော်မင်းဦးနဲ့ ငြိမ်းချမ်းအောင် တို့နှစ်ဦးကိုမူ ထိုင်းနိုင်ငံကို ထပ်မံ ခေါ်ဆောင်က ဆေးကုသမှုများ ထပ်မံ ပြုလုပ်ပေးမည်ဖြစ်ပြီး ကစားသမားတွေဖက်ကလည်း ကလပ်အသင်းနဲ့ နိုင်ငံအသင်းတို့အတွက် အကောင်းဆုံး ပြန်လည်ကြိုးစားပေးဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

play

 

နောက်ထပ် ကစားသမားတစ်ဦးဖြစ်တဲ့ သီဟထက်အောင်ကိုတော့ စည်းကမ်းပိုင်း အားနည်းချက်များကြောင့် ပွဲကစားခွင့်ဆုံးရှုံးနေရတဲ့အပေါ်မှာ နှစ်ဆပိုမို ကြိုးစားပေးဖို့ တောင်းဆိုခဲ့ပြီး အာင်မြင်မှုနဲ့ ငွေကြေးခံစားခွင့်များ မြောက်မြားစွာခံစားနေရသည့်တိုင် ပရော်ဖက်ရှင်နယ်ပီသစွာ ပြုမူနေထိုင်ကြိုးစားနေသည့် မိမိတို့၏ သူငယ်ချင်း အောင်သူကိုနမူနာယူ၍ ကြိုးစားကြစေလိုတယ်လို့လည်း ပြောခဲ့တယ်လို့ သိရပါတယ်။

ယခုခေါ်ယူတွေ့ဆုံခဲ့တဲ့ ကျော်မင်းဦးနဲ့ ငြိမ်းချမ်းအောင်တို့မှာ ဒူးဒဏ်ရာ ခွဲစိတ်မှု ကိုယ်စီ ပြုလုပ်ခဲ့ရသော်လည်း ယနေ့အချိန်အထိ အကောင်း ဆုံး ပုံစံနဲ့ ပြန်လာနိုင်ခြင်းမရှိသေးပါဘူး။

play

 

သီဟထက်အောင်မှာလည်း စည်းကမ်းပိုင်းအားနည်းမှုတွေကြောင့် ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက လက်ရွေးစင်အသင်းနဲ့ ကလပ်အသင်းပွဲ တွေကနေ ချန်လှပ်ခံထားရပြီး ပြစ်ဒဏ်များ ချမှတ်ခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။

၎င်းတို့ ၃ ဦးစလုံးဟာ ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မြန်မာ ယူ-၂၀ အသင်းရဲ့အဓိက ကစားသမားများဖြစ်ခဲ့ကြပြီး အနာဂတ် မြန်မာ့ လက်ရွေးစင်အသင်းအတွက် ပရိသတ်များ အားပြုထားသော်လည်း ယခုလို အဖြစ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရပြီး မြန်မာ့လက်ရွေးစင်အသင်းကြီးမှာ ဦးဆောင်ကစားနေတာကို မမြင်တွေ့နိုင်နေရခြင်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ငြိမ်းချမ်းအောင်နဲ့ ကျော်မင်းဦးတို့မှာ ရန်ကုန်ယူနိုက်တက်အသင်းမှာ ကစားနေပြီး ပုံမှန်ပွဲထွက်ကစားနိုင်ခွင့်ရဖို့ ကြံ့ခိုင်မှု လေ့ ကျင့်ခန်းတွေ ပြုလုပ်နေတယ်လို့သိရပြီး သီဟထက်အောင်ကတော့ ဇွဲကပင်ယူနိုက်တက်အသင်းက ခေါ်ယူခြင်းခံခဲ့ရပြီး အကောင်းဆုံးပုံစံနဲ့ ပြန် လာမယ်လို့ ပရိသတ်တွေကို ကတိပြုထားပါတယ်။

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD