AD
AD
AD

ဒီကနေ့ ညနေပိုင်းက စင်ကာပူနိုင်ငံမှာ စင်ကာပူ ယူ -၂၃ အသင်းနဲ့ မြန်မာ ယူ-၂၃(ခ)အသင်းတို့ ခြေစမ်းပွဲ ယှဉ် ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ တိုက်စစ်မှူး ၀င်းနိုင်ထွန်းက ပွဲချိန် မိနစ် ၄၀ မှာလည်းကောင်း၊ ရဲရင့်အောင်က ပွဲချိန် ၆၂ မိနစ်မှာ လည်း ကောင်း အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

မြန်မာအသင်းအနေနဲ့ ယခုခြေစမ်းပွဲစဉ်ကို ၂၀၁၈ အာဆီယံ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်တဲ့ အနေနဲ့ သွားရောက်ကစားခဲ့တာ ဖြစ်ပြီး စင်ကာပူ ဘောလုံးအဖွဲ့ချုပ်ဖက်က ဖိတ်ကြားခဲ့တာလည်း ဖြစ်ပါတယ်။

play
ပွဲမစခင် သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ မြန်မာယူ-၂၃(ခ)အသင်း။

 

စင်ကာပူအသင်းက မြန်မာ ယူ-၂၃ အသင်းကို ဖိတ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကအတွေ့အကြုံကောင်း ရရှိစေဖို့ ရည်ရွယ်ပြီး ယခုလို မြန်မာ ယူ-၁၉ အသင်းကို ယူ -၂၃ (ခ)အဖြစ် စေလွှတ် ယှဉ်ပြိုင်စေခဲ့တာလို့လည်းသိရပါတယ်။

play
စင်ကာပူ ၀-၂ မြန်မာ ပွဲမစခင် မြင်ကွင်း။

 

မြန်မာအသင်းအနေနဲ့ ဇွန်လ ၁၆ ရက်နေ့ကတည်းက စင်ကာပူနိုင်ငံကို ရောက်ရှိခဲ့တယ်လို့ သိရပြီး စင်ကာပူ ကလပ်အဲဘီးရက်စ်နီဂါတာ အသင်းနဲ့အတူ ပူးတွဲလေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

play
မြန်မာအသင်းကိုလာရောက်အားပေးခဲ့ကြတဲ့ စင်ကာပူရောက် ပရိသတ်များ။

 

စင်ကာပူနိုင်ငံမှာ မနက်ဖြန် ဇွန်လ ၂၁ ရက်နေ့အထိ နေထိုင် လေ့ကျင့်ခန်းတွေပြုလုပ်သွားမှာ ဖြစ်တယ် လို့ လည်း သိရပြန်ပါတယ်။

ယခု မြန်မာ ယူ-၁၉ အသင်းနဲ့ ခြေစမ်းခဲ့တဲ့စင်ကာပူ ယူ-၂၃ အသင်းမှာ အာရှ အားကစားပွဲတော်ကို ၀င်ရောက် ဆင်နွှဲမယ့်အသင်းလို့ သိရပြီး မြန်မာနိုင်ငံက အာရှအားကစားပွဲတော်ကို ဆင်နွှဲမယ့် ယူ-၂၃ အသင်းကို လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့လောက်မှစတင်ဖွဲ့စည်း လေ့ကျင့်စေမယ်လို့လည်းသိရပါတယ်။

ယခု စင်ကာပူ ယူ-၂၃ အသင်းကို အနိုင်ကစားခဲ့တဲ့ မြန်မာ ယူ-၂၃(ခ)(သို့) ယူ-၁၉ အသင်းဟာအင်ဒိုနီးရှား နိုင် ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အာဆီယံ အမျိုးသား ချန်ပီယံရှစ်ကို ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန် မာအသင်းက ၂၀၁၈ ခုနှစ်က အိမ်ရှင်လက်ခံကျင်းပခဲ့ပါတယ်။

အဆိုပါ နှစ်မှာတော့ စတုတ္ထနဲ့သာ ကျေနပ်ခဲ့ရပြီး ယခုအိမ်ရှင်ပြုလုပ်မယ့် အင်ဒိုနီးရှားအသင်းကို တတိယနေရာ လုပွဲမှာ ၇-၁ ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD