အောင်လရဲ့ နောက်ဆုံးလက်သီးထိုးချက်နဲ့အတူ လဲကျခဲ့တဲ့ ကမ်ကို ဆေးရုံအထိ အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

မနေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ MMA One Championship ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်ရွှေခါးပတ်ပွဲအဖြစ် ထိုးသတ်ခဲ့ကြတဲ့ အောင်လအန်ဆန်နဲ့ ကမ် ဟာဆီဂါဝါတို့ပွဲစဉ်မှာတော့ အောင်လအန်ဆန်က အနိုင်ရခဲ့ပါတယ်။

 

ဒီပွဲမှာ အောင်လက ချန်ပီယံအဖြစ်နဲ့ ခါးပတ်ကို ကာကွယ်ခဲ့တာ ဖြစ်ပြီး ကမ်ကတော့ အောင်လဆီက ရွှေခါးပတ်ကို ရယူဖို့ စိတ်ခေါ် ထိုးသတ်ခဲ့ သူလည်း ဖြစ်ပါတယ်။

 

စုစုပေါင်း တွဲဆိုင်း ၁၀ တွဲပါဝင်ခဲ့တဲ့ မနေ့က ပြိုင်ပွဲကြီးမှာ အဓိက တွဲဆိုင်းလည်း ဖြစ်ခဲ့တဲ့ အောင်လဟာ မြန်မာပရိသတ်ရဲ့ အားပေးမှု ရှေ့ မှောက်မှာ ဂျပန်ဖိုက်တာကို နောက်ဆုံးအချီအထိ ထိုးသတ်ပြီးမှ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလိုနိုင်ခဲ့တာကြောင့် အောင်လဟာ ချန်ပီယံခါးပတ် ပထမဆုံး ကာကွယ်ပွဲမှာပင် ကာကွယ်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပြီး ချန်ပီယံ ခါးပတ်နှစ်ခုပိုင်ရှင်အဖြစ် ဆက်လက် ရပ်တည်ထားနိုင်ခဲ့ပါတယ်။

ယခုလို အနိုင်ရခဲ့ပြီးတဲ့နောက် အောင်လအန်ဆန်က -" ပြင်းထန်တဲ့တိုက်ပွဲအပြီးမှာတော့ ကျွန်တော်တို့ဟာညီအကိုတွေလိုပါပဲ။

ဟစဲက အကောင်းဆုံး ဖိုက်တာတစ်ယောက်ဖြစ်လို့ လေးစားပါတယ်။" လို့ ကိုယ်ပိုင် ဖေ့ဘုတ်စ်စာမျက်နှာက်ထက်မှာ ရေးသား ဖော်ပြခဲ့တာ လည်းတွေ့ရပါတယ်။

ဒီပွဲမှာ ရှေ့က ထိုးသတ်ခဲ့တဲ့ပွဲစဉ်တွေနဲ့မတူပဲ ဒီပွဲမှာ အောင်လရဲ့ ပုံမှန်ချုပ်ကွက်တွေကို အသုံးပြုခဲ့တာ သိပ်မမြင်တွေ့ခဲ့ရပဲ လက်သီးထိုးကွက် ခြေကန် ချက်တွေနဲ့ အလူးအလဲ ထိုးသတ်နေခဲ့တာကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။

၃ ချီမြောက်မှာ နှစ်ဦးသား လက်ပန်းကျနေခဲ့ပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး အနိုင်မခံ အရှုှုံးမပေးပဲ တင်းခံနေတာကြောင့်ပွဲက ပိုကြာခဲ့ပြီး နောက် ဆုံး ၅ ချီမြောက်အထိ ခရီးဆက်ခဲ့ကြပါတယ်။

နောက်ဆုံးမှာတော့ အောင်လရဲ့ လက်သီးချက်အောင်မှာပဲ ဂျပန်ဖိုက်တာ ကမ်ဟာဆီဂါဝါ အရုပ်ကျိုးပျက်သလို မှောက်လျက်လဲသွားခဲ့ပြီး အရေး အပေါ် အခြေအနေအထိ ဖြစ်ခဲ့လို့ နီးစပ်ရာဆေးရုံကို တန်းပို့ခဲ့ရတယ်လို့လည်းသိရပါတယ်။

ပွဲအပြီးမှာတော့ - " ပထမဦးဆုံးပြောချင်တာက ကျွန်တော့်ကို ဝိုင်းဝန်းအားပေးပံ့ပိုးကြတဲ့သူ အားလုံးကိုကျေးဇူးတင်ပါတယ်။ အဲ့ဒီအပြင်ဒီပြိုင်ပွဲအတွက်အကောင်းဆုံးပြင်ဆင်ပေးတဲ့ကျွန်တော့်ရဲ့Trainer အပါအဝင်အသင်းဖော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီနေ့ပွဲနဲ့အတူ အဓိကပြောချင်တာက ကျွန်တော်တို့ အားလုံးစုစည်းညီညွတ်ရင် ငြိမ်းချမ်းရေးအပါအဝင် အရာအားလုံးကို ကျော်ဖြတ် အောင်မြင်နိုင်တယ်ဆိုတာပါပဲ။ကျွန်တော့အနေနဲ့ကမ္ဘာ့အကောင်းဆုံးဆိုတဲ့နေရာအတွက်ဆာလောင်နေဆဲဖြစ်ပါတယ်။ဒီအောင်မြင်မှူ

ကတော့ အစပဲရှိပါသေးတယ်။" လို့ ပြောခဲ့ပါသေးတယ်။

အနိုင်ရရှိခဲ့ပေမယ့် ဒဏ်ရာတွေကြောင့် အနားယူဖို့ လိုအပ်မယ်လို့ ထင်ရပေမယ့်လည်း အောင်လကတော့ နောက်ထပ် ပြိုင်ပွဲတွေအတွက် အသင့်ရှိနေဖို့ တစ်ပတ်အကြာမှပဲ လေ့ကျင့်ခန်းတွေ ပြန်လည်စတင်သွားမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က