ဒုတိယပွဲအဖြစ် အိမ်ရှင် အင်ဒိုနီးရှားနဲ့ ဇူလိုင် ၅ ရက်နေ့မှာ ဆက်လက်ကစားရပါမယ်။

ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၁၈ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်မှာ မြန်မာအသင်းက ဖိလစ်ပိုင် အသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။



Photo - MFF

 

မြန်မာအတွက် ဂိုးတွေကို ပွဲအစ ၂ မိနစ်မှာပင် နော်အားလိုဝါးဖောက သွင်းယူပေးခဲ့ပါတယ်။ ဆက်လက်ပြီး ၂၃ မိနစ်မှာ ခင်မိုးဝေ၊ ၄၉ မိနစ်မှာ ဝင့်သိင်္ဂ ီထွန်းနဲ့ ၅၉ မိနစ်မှာတော့ ဂျူလိုင်ကျော်တို့က အသီးသီးသွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

Photo - MFF

မြန်မာအသင်းဟာ အုပ်စု(ခ)မှာ ကျရောက်နေတာဖြစ်ပြီး ဗီယက်နမ်၊အိမ်ရှင် အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊စင်ကာပူအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Photo - AFF.com

 

ယခု အဖွင့်ပွဲမှာ အနိုင်ရခဲ့တာကြောင့် နောက်တစ်ဆင့်တက်ရေး အခွင့်အရေးကောင်းကို စတင်ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပြီး အုပ်စု ဒုတိယပွဲကိုတော့ လာမယ့် ဇူလိုင်လ ၅ ရက်နေ့မှာ အိမ်ရှင် အင်ဒိုနီးရှားအသင်းနဲ့ ဆက်လက်ကစားရပါမယ်။

ဒီပြိုင်ပွဲရဲ့ အုပ်စု(က)အဖွင့်ပွဲကိုတော့ မနေ့က ကစားခဲ့ရာမှာ သြစတြေးလျ ယူ-၂၀ အသင်းက မလေးရှားအသင်းကို ၇-၀ ဂိုးနဲ့လည်းကောင်း၊ ကမ္ဘောဒီးယား အသင်းက တီမောအသင်းကို ၁၂-၀ ဂိုးနဲ့လည်းကောင်း အသီးသီး အနိုင်ရခဲ့ပါတယ်။

မြန်မာအသင်းဟာ သမိုင်းတစ်လျှောက် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ ၂၀၀၄ နဲ့ ၂၀၀၇ ခုနှစ်တို့မှာ ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးပြီး ၂၀၁၁၊၂၀၁၂နဲ့ ၂၀၁၅ခုနှစ်တွေမှာတော့ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က