ဒုတိယပွဲအဖြစ် ကမ္ဘောဒီးယားအသင်းနဲ့ ဆက်လက်ကစားရပါမယ်။

အာဆီယံ ယူ၁၉ ချန်ပီယံရှစ် အမျိုးသားဘောလုံးပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေပြီး ဒီကနေ့မှာတော့ အုပ်စု(ခ) ပွဲစဉ်တွေကို ယှဉ်ပြိုင် ကစားစေခဲ့ရာမှာတော့ မြန်မာအသင်းနဲ့ တီမောအသင်းတို့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။



 

မြန်မာအသင်းက ပင်နယ်တီ ပြစ်ဒဏ်ဘော ရခဲ့ရာမှတဆင့် ရဲရင့်အောင်က ကန်သွင်းယူပြီး အဖွင့်ဂိုးရခဲ့ပေမယ့်လည်း ပထမပိုင်း ပြီးဆုံးချိန်မှာ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

Untitledfff.png 

ဆက်လက်ပြီး ဒုတိယပိုင်းမှာတော့ တီမောအသင်းက ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး မြန်မာအသင်းက သရေရလဒ်ပြန်လည်ရရှိဖို့ နောက်က လိုက် ကစားခဲ့ပြီး ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျခဲ့ပါတယ်။

Photo - MFF

 

လူငယ်ပြိုင်ပွဲဖြစ်တာကြောင့် ယခုပွဲစဉ်တွေမှာ ခြေစွမ်း သိသိသာသာ ကွာဟခြင်းမရှိတာကိုတွေ့မြင်ခဲ့ရမှာ ဖြစ်ပြီး မြန်မာအသင်းအတွက်တော့ အဖိုးတန် သရေတစ်မှတ်ရယူထားနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

မြန်မာ နည်းပြ ဦးမျိုးလှိုင်ဝင်းကလည်း မြန်မာအသင်းကို အုပ်စုပွဲစဉ်တွေကနေ ရှုံးထွက်အဆင့်၊ဗိုလ်လုပွဲအဆင့်ထိ ရောက်ဖို့ တစ်ဆင့်ချင်းစီပဲ ကြိုးစား သွားမယ်လို့လည်း ပြောထားပါတယ်။

အုပ်စု(က)ပွဲစဉ်တွေကိုတော့ မနေ့က ကစားစေခဲ့ရာမှာ ဗီယက်နမ်နဲ့ ထိုင်းတို့ ဂိုးမရှိ သရေကျခဲ့ပြီး ဖိလစ်ပိုင် စင်ကာပူကို ၂-၁ ဂိုးနဲ့ လည်း ကောင်း၊အိမ်ရှင် အင်ဒိုနီးရှားက လာအိုအသင်းကို ၁-၀ ဂိုးနဲ့လည်းကောင်း အသီးသီး အနိုင်ရခဲ့ပါတယ်။

အုပ်စု(ခ) ပွဲစဉ်အဖြစ် ဒီကနေ့မှာ ဘရူနိုင်းအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားဖို့ ရှိနေပါသေးတယ်။

ဒီပြိုင်ပွဲကို မနှစ်က မြန်မာနိုင်ငံက အိမ်ရှင်လုပ်ခဲ့ပြီး မြန်မာအသင်းကတော့ စတုတ္ထနေရာနဲ့သာ ကျေနပ်ထားခဲ့ရတာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းက ဒုတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယားအသင်းနဲ့ လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှာ ဆက်လက်ကစားသွားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က