အမျိုးသမီးအသင်းကလည်း မနေ့က စင်ကာပူကို ၇-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်နဲ့ အာဆီယံ ယူ-၁၉ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲကို တစ်ပြိုင်တည်း ကျင်းပနေတာ ဖြစ်ပြီး မြန်မာအသင်းအားလုံး နောက်တစ်ဆင့်အတွက် အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါပြီ။

36759573_1136253513180126_7144916643674587136_n.jpg

Photo - MFF

 

ဒီကနေ့ ကစားတဲ့ အာဆီယံယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာက ဘရူနိုင်းကို ၇-၁ ဂိုးနဲ့ အနိုင်ရရှိပြီး နောက်တစ်ဆင့်အတွက် အခြေအနေ ကောင်းကို ပိုင်ဆိုင်ထားပါတယ်။

မြန်မာအသင်းက အဖွင့်ပွဲမှာ မထင်မှတ်ပဲ တီမောကို တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့လို့ အနည်းငယ် စိုးရိမ်စရာ ရှိခဲ့ပေမယ့်လည်း ဒုတိယပွဲဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ပွဲမှာတော့ အကောင်းဆုံး ပုံစံနဲ့ ပြန်လာကာ ၄- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo - MFF

 

ဒီကနေ့ ကစားခဲ့တဲ့ပွဲမှာလည်း မြန်မာအသင်းအတွက် ဂိုးတွေကိုမြတ်ကောင်းခန့်၊ပြည့်စုံနိုင်၊ဝင်းနိုင်ထွန်းတို့က ၂ ဂိုးစီ သွင်းခဲ့ကြပြီး လွှမ်းမိုး အောင်က တစ်ဂိုးသွင်းခဲ့ပါတယ်။

ယခုလို အနိုင်ရရှိခဲ့တာကြောင့် ၃ ပွဲကစား နှစ်ပွဲနိုင် တစ်ပွဲသရေ ၇ မှတ်ရရှိထားပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းကို ပိုင်ဆိုင်ထား ကာ အုပ်စုနောက်ဆုံးပွဲအဖြစ် မလေးရှားအသင်းနဲ့ ကစားရပါအုံးမယ်။

Photo - MFF

 

မြန်မာ ယူ-၁၉ အသင်းနည်းတူ တစ်ချိန်တည်းမှာပင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကလည်း အင်ဒိုနီးရှားနိုင်ငံမှာပင် အာဆီယံ အမျိုး သမီး ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ကစားနေပြီး မနေ့က စင်ကာပူ အသင်းကို ၇-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် ယနေ့ မြန်မာယူ-၁၉ အသင်းရဲ့ ရလဒ်က အမျိုးသမီး ရလဒ်နည်းပါးအထိ တူညီနေခဲ့တာကို သတိပြုမိပါတယ်။

အမျိုးသမီးအသင်းကလည်း လက်ရှိမှာ ဖိလစ်ပိုင်ကို ၄-၀ ၊ အိမ်ရှင် အင်ဒိုနီးရှားကို ၆-၁ နဲ့ စင်ကာပူကို ၇-၀ တို့ နဲ့အနိုင်ယူထားကာ ဆီမီးဖိုင် နယ်ကို တက်ရောက်ထားနှင့်ပြီး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က