တတိယနေရာလုပွဲမှာတော့ အုပ်စုတွင်းက ရှုံးထားတဲ့ ဗီယက်နမ်နဲ့ ပြန်တွေ့နေလို့ ရှုံးကြွေးဆပ်ခွင့်တော့ ရှိနေပါတယ်။

အုပ်စုတွင်းက ၄-၃ ဂိုးနဲ့ရှုံးခဲ့တဲ့ ဗီယက်နမ်အသင်းနဲ့ တတိယနေရာလုပွဲမှာ ပြန်လည်ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် ရှုံးကြွေးကို ပြန်ဆပ်နိုင်မလား၊ ထပ်တင်မှာလား စောင့်ကြည့်ရပါမယ်။



အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ဒီကနေ့မှာ ကစားခဲ့ရာမှာတော့ မြန်မာက ထိုင်းကို ၃-၁ နဲ့လည်းကောင်း၊ ဗီယက်နမ် က သြစတြေးလျ ယူ-၂၀ ကို ၄-၂ နဲ့လည်းကောင်း အသီးသီး အရေးနိမ့်ခဲ့ကြပါတယ်။

မြန်မာအသင်းအနေနဲ့ နယ်သာလန်လူမျိုးနည်းပြ ထွက်ခွာသွားပြီးနောက် ပြည်တွင်းနည်းပြနဲ့ ပထမဆုံး ပြန်လည်ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခု ပြိုင်ပွဲမှာ အောင်မြင်မှုရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အရေးနိမ့်ခဲ့ရပြန်ပါတယ်။

Photo - Wikipedia

 

ဒီပွဲမတိုင်ခင် ထိုင်းမှာ ခြေစမ်းပွဲတွေကစားခဲ့ပြီး အုပ်စုပွဲတွေ ကစားရာမှာတော့ ဖိလစ်ပိုင်ကို ၄-၀ နဲ့လည်းကောင်း၊အင်ဒိုနီးရှားကို ၆-၁ နဲ့လည်း ကောင်း၊ စင်ကာပူကို ၇-၀ နဲ့လည်းကောင်း၊အသီးသီး အနိုင်ရခဲ့ပြီး ဗီယက်နမ်ကိုတော့ ၄-၃ နဲ့ရှုံးထားပါတယ်။

အခုလည်း တတိယနေရာလုပွဲမှာ အုပ်စုတွင်း ပြိုင်ဖက် ဗီယက်နမ်နဲ့ပင် ပြန်လည်တွေ့ရတော့မှာ ဖြစ်ပြီး ရှုံးကြွေးကို ပြန်ဆပ်နိုင်မလား ၊ ထပ်တင် မှာလားဆိုတာကိုတော့ စောင့်ကြည့်ရပါမယ်။

Photo - MF12Players

မြန်မာအသင်းဟာ ဒီပြိုင်ပွဲမှာ ဒုတိယမြောက် အအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာတော့ ဗိုလ်လုပွဲ တက်ဖို့ အတော်လေး ရုန်းကန်နေရတာဖြစ်ပြီး ထိုင်း၊ဗီယက်နမ်တို့ရဲ့နောက် နှာတစ်ဖျား နောက်ကျနေခဲ့ရတာလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အမျိုးသား ယူ-၁၉ ပြိုင်ပွဲကလည်း အင်ဒိုနီးရှားမှာ ကျင်းပနေပြီး မြန်မာအသင်းက မနက်ဖြန်မှာ ထိုင်းအသင်းနဲ့ ကစားရမှာမို့ အမျိုးသမီးအသင်းရဲ့ ရှုံးကြွေးကို ပြန်လည်ချေဖျက်ပေးနိုင်မလား ရင်ခုန်စွာ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က