တိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

မနေ့က ထိုင်းအမျိုးသမီးအသင်းကို အရေးနိမ့်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းအတွက် ယူ-၁၉ အမျိုးသားအသင်းက လက်စား ပြန်ချေပေးလိုက် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Untitled.png

Photo - MF12Players

 

အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် အမျိုးသား ဘောလုံးပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပနေတာ ဖြစ်ပြီး ဒီကနေ့မှာတော့ မြန်မာနဲ့ထိုင်း ဆီမီးဖိုင်နယ်ကစားခဲ့ကြပါတယ်။

မြန်မာအသင်းက တိုက်စစ်မှူး ဝင်းနိုင်ထွန်းရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲကြီးကို ထိုက်ထိုက်တန်တန် တက်လှမ်းသွားခဲ့ ပါတယ်။

Photo - MFF

 

မြန်မာအသင်းအတွက်တစ်လုံးတည်းသော သွင်းဂိုးကိုတော့ ဝင်းနိုင်ထွန်းက ပွဲချိန် ၈၆ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဗိုလ်လုပွဲမှာတော့ ယနေ့ ညနေမှာ ကစားမယ့် အင်ဒိုနီးရှားနဲ့ မလေးရှားအသင်းတို့ ပွဲစဉ်မှ အနိုင်ရတဲ့အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

မြန်မာယူ-၁၉ ရဲ့ ယခုနိုင်ပွဲက မနေ့က အမျိုးသမီး အသင်းရဲ့ ရှုံးကြွေးကို ချက်ခြင်း ပြန်ဆပ်ပေးနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပြီး အမျိုးသမီးအသင်း အနေနဲ့ မနေ့က ထိုင်းအမျိုးသမီးအသင်းကို ၃-၁ ဂိုးနဲ့ ဆီမီးဖိုင်နယ်မှာပင် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Photo - MFF

 

အင်ဒိုနီးရှားနိုင်ငံက အာဆီယံ ပြိုင်ပွဲနှစ်ပွဲဖြစ်တဲ့ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲနဲ့ အမျိုးသား ယူ-၁၉ ပြိုင်ပွဲကို တစ်ပြိုင်နက်တည်း ကျင်းပနေတာ ဖြစ်ပါတယ်။

မြန်မာ ယူ-၁၉ အသင်းကို ပြည်တွင်းနည်းပြ ဦးမျိုးလှိုင်ဝင်းက တာဝန်ယူကိုင်တွယ်နေတာဖြစ်ပြီး အုပ်စုတွင်း ပွဲစဉ်များမှာတော့ နှစ်ပွဲနိုင် တစ်ပွဲ သရေ တစ်ပွဲရှုံးကာ အုပ်စုဒုတိယနဲ့ တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က