အုပ်စုပွဲက ရှုံးကြွေးကို မဆပ်နိုင်တဲ့အပြင် အရှုံးပေါ်အရှုံးဆင့်ခဲ့ရပါတယ်။

ဗီယက်နမ်ကို ရှုံးကြွေးဆပ်ဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ရှုံးကြွေးသာ ထပ်တင်ခဲ့တဲ့ မြန်မာအမျိုးသမီး ဘောလုံးလောကအတွက် မျိုးဆက်သစ် လိုအပ်နေတာကတော့ မျက်မြင်ကိုယ်တွေ့ပါပဲ။



 

အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲရဲ့ တတိယနေရာလုပွဲအဖြစ် မြန်မာအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဗီ ယက်နမ်အသင်းက ၃-၀ နဲ့ အနိုင်ရသွားပါတယ်။

မြန်မာအသင်းအနေနဲ့ ဗီယက်နမ်အသင်းကို အုပ်စုတွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့်ယခုပွဲစဉ်က လက်စားချေဖို့ အခွင့်အရေးရပေမယ့်လည်း ရှုံးကြွေး သာ ထပ်တင်ခဲ့ရပါတယ်။

 

ဆီမီးဖိုင်နယ်အဖြစ် ကစားခဲ့စဉ်က ထိုင်းအသင်းကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို ယခု တတိယလုပွဲမှာလည်း ၁-၀ နဲ့ ရှုံးနိမ့်နေချိန် နောက်ဆုံးမိနစ် တွေကျမှသာ ဂိုးတွေ ထပ်ပေးလိုက်ရတာပါ။

မြန်မာအမျိုးသမီးအသင်းဟာ ဒီပြိုင်ပွဲရဲ့ အစဉ်အလာကြီးမားတဲ့ အသင်းတစ်သင်းဖြစ်ပေမယ့်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်မှာ ကျန်ခဲ့ပြီ ဖြစ်ပြီး မျိုးဆက်သစ်တွေ ရှားပါးလာမှုနဲ့အတူ အာဆီယံ အဆင့်မှာ အောင်မြင်မှု လုံးဝမရှိတော့ပါဘူး။

ဒါ့အပြင် အသင်း ၃သင်းဖြစ်တဲ့ ထိုင်း၊ဗီယက်နမ်၊ မြန်မာတို့သာ ပြိုင်နေတဲ့အာဆီယံမှာလည်း အဆင့် ၃ နေရာက မြန်မာအတွက် အပိုင်တစ်နေ ရာလို ဖြစ်နေခဲ့ပြီး ယခုတစ်ဖန် သြစတြေးလျ အမျိုးသမီး ယူ-၂၀အသင်းက ထပ်ဝင်လာတော့ စတုတ္ထနေရာကို အလိုလိုရောက်ခဲ့ရပြီလည်း ဖြစ် ပါတယ်။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ အောင်မြင်မှု တစ်ဖန်ပြန်လည်လိုချင်ပါက အနာဂတ်မှာ မျိုးဆက်သစ် လူငယ်တွေ မွေးဖွားနိုင်ဖို့ အထူးလိုအပ် နေပြီး အမျိုးသမီးလိဂ်ကိုလည်း အရှိန်အဟုန်မြင့် မြှင့်တင်နိုင်ဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က