မြန်မာအသင်းပွဲစဉ်တွေကို လက်ရွေးစင်ပွဲကလွဲပြီး ကျန်လူငယ်နဲ့ အမျိုးသမီး ပွဲတွေကို ပြည်ပမှာ ကစားတဲ့ပွဲတွေဆိုရင် ရုပ်သံကနေ တိုက်ရိုက်ပြ သမှု ပုံမှန်မပြုလုပ်နိုင်တဲ့အပေါ် ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
Photo - MFF
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကျင်းပခဲ့တဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပွဲစဉ်တွေနဲ့ ယူ-၁၉ အမျိုးသား ဘောလုံးပြိုင်ပွဲတွေကို ရုပ်သံ ကနေ တိုက်ရိုက်ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒီကနေ့မှာ ကစားမယ့် မြန်မာ ယူ-၁၉ အသင်းရဲ့ မလေးရှားအသင်းနဲ့ ဗိုလ်လုပွဲစဉ်ကိုလည်း ရုပ်သံကနေ တိုက်ရိုက်ပြသနိုင်အုံးမှာ မဟုတ်ပါဘူး။
Photo - Koko Kokothein fb page ( အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်စာ)
ဒီလိုအခြေအနေတွေကို မြန်မာ့ဘောလုံးချစ်ပရိသတ်တွေက စိတ်ပျက် အားလျော့နေကြပြီး ဝေဖန်မှုတွေ အမျိုးမျိုးပြုလုပ်လျက်ရှိနေကြပါတယ်။
အဆိုပါ အခြေအနေတွေ ဘာ့ကြောင့်ဖြစ်နေရတာလဲဆိုတာကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ၎င်းရဲ့ လူမှု စာမျက်နှာထက်ကနေ အခုလိုပဲ ရှင်းလင်းပြောထားခဲ့ပါတယ်။
Photo - Koko Kokothein fb page ( အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်စာ)
"AFF U19 Championship ပြိုင်ပွဲရဲ့ TV Live မပြသပေးနိုင်ခြင်းအပေါ်၊MFF အနေနဲ့ ညှိနှိုင်းဆောင်ရွက်မပေးဘူးဆိုတဲ့ ပြောဆိုသံတွေ သတင်းတက်လာတဲ့အပေါ်မှာ မိမိအနေနဲ့ ဘောလုံးပရိတ်သတ်တွေသိရှိနိုင်စေရန် ပြန်လည်ပြီးရှင်းပြပေးလိုပါတယ်။" လို့ အချက်အလက်နဲ့တကွ ရှင်းလင်းထားပါတယ်။
Photo - MFF
ဦးကိုကိုသိန်းရဲ့ ရှင်းလင်းချက်အစမှာတော့ -
(၁)U19 အသင်း TV Live ပြသခွင့်ရရှိရေးအတွက် Indonesia FA နဲ့ ပြိုင်ပွဲ မစတင်ခင်ကတည်းက MFF အနေနဲ့ ညီနှိုင်းဆောင်ရွက်ခဲ့ပါတယ်။ Indonesia FAက သူတို့ကစားမယ့် Indonesia ပွဲအားလုံးဘဲ ရုပ်သံရိုက်ကူးရေးပြုလုပ်မှာဖြစ်တဲ့အတွက် ဝယ်ယူရေးအတွက် ညှိနှိုင်းဆောင်ရွက် ရာမှာ အဆင်မပြေတာဖြစ်တဲ့အတွက်MFF အနေနဲ့ ပြသပေးနိုင်ခြင်းမရှိပါဘူး။
(၂) ဒုတိယအချက်ကတော့ ပြိုင်ပွဲနီးလာလာတဲ့အခါ ထပ်မံပြီးရိုက်ကူးပေးဖို့တောင်းဆိုတဲ့အခါမှာ ပူးတွဲပါ စာအတိုင်း ပြန်လည်အကြောင်းပြန် လာပါတယ်။ TV Live ဈေးနှုန်းအရ MFF အနေနဲ့ AFF ပြိုင်ပွဲတွေကို TV Live ပြသမည်ဆိုပါကအောက်ဖော်ပြပါအတိုင်း သိရှိနိုင်ပါရန် တင်ပြ လာပါတယ်။ ဆိုပြီး ဖော်ပြလာပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အမျိုးသမီးပွဲနဲ့ ကျင်းပလျက်ရှိတဲ့ ယူ-၁၉ အမျိုးသားပွဲ၊နောက်ထပ် ကျင်းပမယ့် ယူ-၁၆ အမျိုးသားပွဲတွေကို ရုပ်သံ ရိုက်ကူးပါက ကုန်ကျမယ့်စရိတ်ကိုလည်း ဦးကိုကိုသိန်းက တွက်ချပေးထားပါတယ်။
( AFF Women Championship 2018)
Group Stage..4 Matches x USD 15,000..= USD 60,000
Semi Final@ Final Match...2 Match x USD 15000...=USD 30,000
Total..USD 90,000 (မြနိမာငွေ..သိန်းပေါင်း ၁၂၆၀ နီးပါ ကုန်ကျပါမည်)
(AFF U 19 Championship 2018)
Group Stage..4 Matches x USD 20,000..= USD 80,000
Semi Final@ Final Match...2 Matches x USD 20000...=USD 40,000
Total...USD 120,000 (မြနိမာငွေ..သိန်းပေါင်း ၁၆၈၀ ကုန်ကျပါမည်)
(AFF U16 Championship 2018)
Group Stage..5 Matches x USD 17500 = USD 87,500
Semi Final@ Final Match...2 Matches x USD 20000...=USD 40,000
Total...USD 127,500 (မြနိမာငွေ..သိန်းပေါင်း ၁၇၈၅ ကုန်ကျပါမည်။)
မြန်မာအသင်းတွေရဲ့ ပွဲစဉ်တွေကို ပွဲစဉ်အလိုက် ရုပ်သံ ရိုက်ကူးပါက ပေးချေရမယ့် တန်ဖိုးငွေကြေးတွေကို တွက်ချက်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။
ဆက်လက်ပြီး - " MFF အနေနဲ့ မြန်မာဘောလုံးပရိတ်သတ်တွေရဲ့ မြန်မာအသင်းကို ကြည့်ချင်အားပေးချင်တဲ့ စိတ်နဲ့ MFF အပေါ်မှာ အားမလိုအားမရ ဖြစ်နေကြမယ်ဆိုတာ သိပါတယ်။ အရင်တုန်းကလည်းပွဲတော်တော်များများကို သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံနှင့် ညှိနှိုင်းပြီး အရှုံးခံပြီး TV Live ကိုတစ်နိုင်ငံလုံးအတိုင်း အကုန်ကျခံဆောင်ရွက်ပေးခဲ့ပါတယ်။ အဖွဲ့ချုပ်အနေနဲ့ပြိုင်ပွဲဝင်အသင်းတွေကို ဒီပြိုင်ပွဲတော့ TV Live ပြပြီး၊ အငယ်အသင်းပြိုင်ပွဲ မပြဘူးဆိုရင်လည်း အသင်းသားတွေအပေါ်မှာ ခွဲခြားဆက်ဆံတာဖြစ်သွား စေမှာဖြစ်တာ တစ်ကြောင်း၊ စုစုပေါင်း. .ပြိုင်ပွဲ ၃ခုလုံး TV Live ပြသမည်ဆိုပါက.မြန်မာကျပ်ငွေ သိန်းပေါင်း..(၄၇၂၅) နီးပါး ကျခံသုံးစွဲရမည်ဖြစ်ပါ၍ MFF အနေနဲ့ TV Live ပြမည့်ငွေကြေးအားလုံး ကျခံသုံးစွဲရန်အခြေအနေအတွက် တော်တော်လေး ခက်ခဲပါတယ်။ သူများနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွေ ကတော့..TV Live ကို သူတို့ရဲ့ TV Brocasting Company တွေကဘဲ လိုက်ဝယ်တယ်၊ ကုန်ကျစရိတ်ကို သူတို့ကဘဲ အကုန်အကျခံပြီး၊ သက်ဆိုင်ရာဘောလုံးအဖွဲ့ချုပ်ကို ပြသခွင့်အတွက် Exclusive Right ပေးချေပြီး ပြသကြတာ ဖြစ်ပါတယ်၊ ကျွန်တော်တို့ဆီမှာကတော့..အားလုံးနဲ့ ပြောင်းပြန်အနေအထားဖြစ်ပြီး အစစအရာရာအားလုံးကို MFF အနေနဲ့ အရှုံးခံပြီးကျခံသုံးစွဲခဲ့ရတယ်၊ TV Live ရပြန်တော့လည်း ပြသခွင့်ရရှိရေးအတွက် အဆင့်ဆင့်စာတင်ပြီး၊ ခွင့်ပြုမိနိ့ရရှိရေးဆောင်ရွက်ရပာတယ်။ ခွင့်ပြုမိန့်ရတာနဲ့ ဘဏ်ကနေ သက်ဆိုင်ရာ TV Company ကို ငွေပေးချေရန် လုပ်ကြရပါတယ်။ TV Live ပြတယ်ဆိုတာ အားလုံးရဲ့အမြင်မှာ..လွယ်ကူနေကြတယ်ထင်မှာစိုးလို့.အသေးစိတ်ရှင်းပြရခြင်းဖြစ်ပါတယ်။" လို့ ဦးကိုကိုသိန်းက ၎င်းရဲ့ ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားလာပါတယ်။
ဒီကနေ့ညနေမှာ ကစားမယ့် ယူ-၁၉ ပွဲစဉ်ကိုလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ ရုပ်သံ ရိုက်ကူးမှု မရှိတာကြောင့် ပြသနိုင်အုံးမှာ မဟုတ်ဘူးလို့ သိထားရပြီး အွန်လိုင်းမှာတော့ ရှာဖွေ ကြည့်ရှုနိုင်ဖို့ ရှိနေပါတယ်။
Share