အပြန်အလှန်သွင်းဂိုးတွေနဲ့ ပွဲက မြိုင်ဆိုင်ခဲ့ပြီး မလေးရှားအသင်းက နောက်ဆုံးပိတ်သွင်းဂိုးနဲ့ အနိုင်ရသွားပါတယ်။

အုပ်စုတွင်း ရှုံးကြွေးကို မဆပ်နိုင်ခဲ့သလို ဦးဆောင်ဂိုးကို ပြန်မထိန်းနိုင်ခဲ့လို့ နာကျင်အချိန်ပို သွင်းဂိုးနဲ့အတူ မြန်မာအသင်းရဲ့ ရွှေရောင်အိပ်မက် ပျက်ပြယ်ခဲ့ရပါတယ်။

 

အာဆီယံ ယူ-၁၉ အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကြီးကို ဒီကနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ ကစားခဲ့ရာမှာတော့ မလေးရှား အသင်းက ၄-၃ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

ပထမပိုင်း ၁၅ မိနစ်အတွင်းမှာ ဦးဆောင်ဂိုး ၂ ဂိုးကို မလေးရှားအသင်းက ဆက်တိုက်သွင်းယူနိုင်ခဲ့ပေမယ့်လည်း မြန်မာအသင်းက ဝင်းနိုင်ထွန်း နဲ့ မြတ်ကောင်းခန့်တို့က ၃ ဂိုးအထိ ပြန်လည်သွင်းယူပြီး မြန်မာအသင်းကို တဖန်ပြန်လည်ဦးဆောင်စေခဲ့ပြန်ပါတယ်။

 

ဒုတိယပိုင်းမှာ မလေးရှားအသင်းက ချေပဂိုး ပြန်လည်ရသွားပြီး နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး မ လေးရှားအသင်းက ဗိုလ်စွဲခဲ့ပါတယ်။

မလေးရှားအသင်းအတွက် ယခု ချန်ပီယံ ဖြစ်ခဲ့တာက ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။

မြန်မာအသင်းကတော့ တတိယမြောက် ချန်ပီယံဆုနဲ့လွဲချော်ခဲ့ပြီး အကောင်းဆုံး အရှုံးသမားဘွဲ့ကိုသာ ခံယူခဲ့ရပါတော့တယ်။

မြန်မာအသင်းက ဒီပြိုင်ပွဲမှာ ချန်ပီယံ နှစ်ကြိမ်ထိ ဖြစ်ဖူးပေမယ့် နောက်ပိုင်းနှစ်တွေမှာတော့ ချန်ပီယံ မဖြစ်တော့တာ ၁၀ စုနှစ်ကျော်ခဲ့ပါပြီ။

အုပ်စုတွင်းတုန်းက ဒီနှစ်သင်းဆုံခဲ့စဉ်ကလည် းမလေးရှားအသင်းကသာ အနိုင်ရထားတာ ဖြစ်ပြီး မြန်မာအသင်းအတွက် ရှုံးကြွေးပြန်ဆပ်ခွင့်ကြုံ ခဲ့သော်လည်း အသုံးမချနိုင်ခဲ့တာ ဖြစ်ပါတယ်။

တတယလုပွဲမှာတော့ အိမ်ရှင် အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က