အာရှပြိုင်ပွဲအတွက် ပွဲကြို ဖိတ်ခေါ်ပြိုင်ပွဲအတွက် လူစာရင်းထုတ်ပြန်ခဲ့တာပါ။

ပဏာမ ၂၆ ယောက်စာရင်းမှာ ယူ-၂၃ နှင့်အထက် ၄ ဦးပါဝင်နေပြီး အကြောင်းကတော့ အာရှအားကစားပွဲတော်မှာ ယူ-၂၃ နှင့်အထက် ကစားသမား ၃ ဦးပါဝင်ခွင့်ရှိနေတာကြောင့် ဖြစ်ပါတယ်။



36800534_10155780367423182_6378273446719127552_o.jpg

Photo - Police Tero Fc

 

သြဂုတ်လမှာ ကစားမယ့် Alpine Cup လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယခု လူစာရင်းမှာတော့ မျက်နှာသစ်ကစားသမားအချို့ကို မြင်တွေ့ရမှာ ဖြစ်သလို စီနီယာ ကစားသမားအချို့ကိုလည်း လူငယ်ကစားသမား တွေနဲ့ အချိုးကျ ပေါင်းစပ်ဖွဲ့စည်းထားတာ တွေ့ရမှာပါ။

Photo - MFF

 

အင်ဒိုနီးရှားနိုင်ငံမှာ ကစားရမယ့် အာရှအားကစားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အကြို ပြင်ဆင်မှုအဖြစ် ကစားမယ့် ဒီလေးနိုင်ငံဖိတ် ခေါ်ဖလားအတွက် လူရွေးချယ်ထားရာမှာတော့ ယူ-၂၃ နှင့်အထက် စီနီယာ ကစားသမား ၄ ဦး ပါဝင်နေပါတယ်။

အာရှအားကစားပွဲတော်မှာ ယူ-၂၃ အသင်းတွေသာကစားရမှာ ဖြစ်ပေမယ့်လည်း အသက်ကျော်ကစားသမား ၃ ဦးပါဝင်ခွင့်ရှိတာကြောင့် ယခု ရွေးချယ်ထားတဲ့ ပဏာမ စာရင်းမှာ အသက်ကျော် ကစားသမား ၄ ဦးအထိ ခေါ်ယူထားတာကိုလည်း သိရပါတယ်။

Photo - MFF

 

နည်းပြ သစ် အန်တွန်နီဟေး လက်ထက် မြန်မာ့လက်ရွေးစင်အသင်းကို ခြေစမ်းပွဲတစ်ပွဲသာ ကိုင်တွယ်ထားရသေးပြီး တရုတ်လက်ရွေးစင် အသင်းနဲ့ ကစားခဲ့ရာ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။

ယခုအသင်းကိုလည်း အဆိုပါ နည်းပြ အန်တွန်နီဟေးကပင် ဆက်လက်တာဝန်ယူကိုင်တွယ်မှာ ဖြစ်ပြီး ယခု Alpine Cup 2018 ကိုတော့ မန္တလေးမှာ ကစားမှာ ဖြစ်တာကြောင့် ယခု ဇူလိုင် ၂၃ ရက်နေ့မှာ မန္တလေးကို ထွက်ခွာမယ်လို့ သိရပါတယ်။

Photo - MFF

 

လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမတိုင်ခင် ၂၃ ယောက်အထိလျော့ချသွားမယ်လို့ ဆက်လက်သိရပြီး အပြီးသတ် လူစာရင်းကိုတော့ ၂၀ သာ ခေါ် ဆောင်မှာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ အဖွင့်ပွဲအဖြစ် တောင်ကိုရီးယား ယူ-၁၉ အသင်းနဲ့လည်းကောင်း ၊ ဒုတိယပွဲအဖြစ် ဘာ ရိန်း ယူ-၂၃ အသင်းနဲ့လည်းကောင်း ၊ နောက်ဆုံးပွဲအဖြစ် ထိုင်းယူ-၂၃ အသင်းနဲ့လည်းကောင်း အသီးသီးကစားသွားပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က