အသက်ကျော် ကစားသမား ၄ ဦးနဲ့အတူ မျက်နှာသစ် ကစားသမားအချို့ကို ရွေးချယ်ထားပါတယ်။

နည်းပြသစ် အန်တွန်နီဟေးအတွက် ပထမဆုံး ပြိုင်ပွဲ ဖြစ်လာမှာ ဖြစ်ပြီး အာရှအားကစားပွဲတော်အတွက် အကြိုပြင်ဆင်မှုအဖြစ် ဖိတ်ခေါ်ကျင်းပ မှာလည်း ဖြစ်ပါတယ်။

Photo - MFF

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် Alpine Cup 2018 လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကတော့ အသက် ၂၃ နှစ်အောက် အမျိုးသား အားကစားပြိုင်ပွဲတစ်ရပ်ပါ။

ဒီပွဲမှာ အိမ်ရှင်မြန်မာ အပါအဝင် ထိုင်းနဲ့ ဘာရိန်းတို့က ယူ-၂၃ အသင်းတွေနဲ့ ဝင်ပြိုင်မှာ ဖြစ်ပေမယ့် တောင်ကို ရီးယား အသင်းကတော့ ယူ-၁၉ အသင်းနဲ့ သာလာရောက်ယှဉ်ပြိုင်မှာပါ။

ဖိတ်ခေါ်ပြိုင်ပွဲတစ်ခု ဖြစ်တာကြောင့် ပြိုင်ပွဲရဲ့ ရည်ရွယ်ချက်ကလည်း ရှိနေပါတယ်။ အကြောင်းကတော့ ဒီပွဲက အာရှ အားကစားပွဲတော် ဝင်ပြိုင်မယ့် အသင်းတွေ ပြိုင်ပွဲကြို ပြင်ဆင်မှု တစ်ရပ်အနေနဲ့ ကစားတာသာ ဖြစ်ပြီး ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်စေဖို့ ဖိတ်ခေါ်ဖလားအမည်နဲ့ ကစားခြင်းသာ ဖြစ်ပါတယ်။

မြန်မာအပါအဝင်၊ထိုင်းနဲ့ ဘာရိန်းအသင်းတွေက အခုလာကစားမယ့်အသင်းတွေနဲ့ အာရှအားကစားပွဲတော်ကို ဝင်ပြိုင်မှာ ဖြစ်ပေမယ့် တောင်ကိုရီးယားအသင်းကတော့ အာရှ အင်အားကြီးအသင်းဖြစ်လို့ သက်တူအသင်း တစ်သင်းသာ စေလွှတ်လိုက်မယ်ဆိုရင် ကျန်အသင်းတွေ ယှဉ်နိုင်တော့မှ မဟုတ်တဲ့အတွက် အခုလို ယူ-၁၉ အသင်းကိုသာ စေလွှတ်ပေးခြင်း ဖြစ်ပါတယ်။

Photo - MFF

 

အိမ်ရှင်ဖြစ်တဲ့ မြန်မာကတော့ ယူ-၂၃ ကစားသမားတွေ အတွေ့အကြုံပိုင်း တောင့်တင်းစေဖို့ ရည်ရွယ်ပြီး ကိုယ့် ထက် ဆီဒင်အဆင့်သော် လည်းကောင်း၊ခြေစွမ်းအရသော်လည်းကောင်း အစစအရာရာ သာလွန်တဲ့ အသင်း တွေကိုသာ ဖိတ်ခေါ်ထားတာကိုလည်း ပရိသတ်တွေ သတိထားမိမှာပါ။

တစ်ခုရှိတာက လူငယ်အဆင့်မှာတော့ ခြေစွမ်းပိုင်းအရ ကမ္ဘာ့အဆင့် သတ်မှတ်ပေးထားခြင်းမရှိပေမယ့် လက်ရွေးစင်အဆင့်တွေမှာဆိုရင်တော့ ဒီအသင်း ၄ သင်းမှာ မြန်မာအသင်းက အဆင့် ၄ နေရာမှာသာရှိနေ ပါတယ်။

Photo - Police Tero

 

ဒါပေမယ့်လည်း လူငယ်အဆင့်မှာ ပြန်ကြည့်ပြန်ရင်လည်း အသာစီး မရှိထားတာကြောင့် မြန်မာအတွက်တော့ ပြိုင်ဖက်တိုင်းက ခက်ခဲမယ့် ပြိုင်ဖက်တွေချည်းပါပဲ။

ဒါကြောင့် အာရှအားကစားပွဲတော်ကို နှစ်ပေါင်း ၂၀ ကြာမှ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအတွက်တော့ ဒီပွဲက အတွေ့အကြုံကောင်းတွေ ပေးစွမ်းနိုင်မှာအမှန်ပါပဲ။

 

အခုကစားမယ့် လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကိုတော့ မြန်မာအသင်းကို ဂျာမန်လူမျိုးနည်းပြ အန်တွန်နီဟေး က တာဝန်ယူကိုင်တွယ်သွားမှာ ဖြစ်ပြီး ၎င်းအတွက်တော့ ပထမဆုံး ပြိုင်ပွဲလည်း ဖြစ်လာမှာပါ။

နည်းပြတစ်ယောက်အတွက် ပထမဆုံး ကစားမယ့် ပြိုင်ပွဲမှာအောင်မြင်မှုကို ရယူချင်မှာအမှန်ဖြစ်ပေမယ့် အသင်းရဲ့ အနေအထားက ဘာလဲဆိုတာကို အမှန်အတိုင်းသိနိုင်ဖို့လည်း လိုအပ်ပါတယ်။

Photo - MFF

 

နောက်ပြီး မြန်မာအသင်းအတွက် အဓိက အောင်မြင်မှု လိုအပ်ချက်က ဘယ်ဟာလည်း ဆိုတာလည်း ကောင်းစွာ နားလည်ထားနှင့်ပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် နည်းပြ အနေနဲ့ ဒီပွဲအပေါ် ဘယ်လို စိတ်ခံစားမှု ရှိလဲဆိုတာကို မေးမြန်းခဲ့ရာမှာတော့ -“ နည်းပြတစ်ယောက်အတွက် ပထမဆုံး ပြိုင်ပွဲမှ မဟုတ်ပါဘူး။ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှု ရှာဖွေပေးချင်ပါတယ်။ဒါပေမယ့် ဒီပွဲက အာရှအားကစားပြိုင်ပွဲအကြို ဖိတ်ခေါ် ကစားတာ ဖြစ်လို့ အတွေ့အကြုံကောင်းတွေ ရမယ်လို့ ယုံကြည်ပါတယ်။ဒါကြောင့်လည်း လူငယ်တွေ ကို အတွေ့အကြုံများများရစေဖို့ ကြိုးစားပေးသွားပါမယ်။နောက်ပြီး အတွေ့အကြုံရင့် ကစားသမားအချို့နဲ့ လည်းပေါင်းစပ်ပြီး အတွေ့အကြုံတစ်ခုတည်းအတွက်မဟုတ်ပဲ အောင်မြင်မှု ရရှိအောင်လည်း စွမ်းဆောင်ပေး နိုင်ဖို့ ကြိုးစားမှာပါ။” အန်တွန်နီဟေးက လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်း ပွဲတုန်းက ဖြေကြားခဲ့ပါတယ်။

Photo - MFF

ဒါ့အပြင် မြန်မာအသင်းရဲ့ အဓိက ရည်ရွယ်ချက်ကလည်း - “ ကျွန်တော့်အနေနဲ့ ဒီကို စရောက်ကတည်းက ကြီး မားတဲ့ စိန်ခေါ်မှုတွေနဲ့ စတင်ရပါတယ်။ ပထမဆုံးပွဲမှာ လက်ရွေးစင်အဆင့် ခြေစမ်းပွဲ အဖြစ် တရုတ်လို အသင်းနဲ့ စတင်ကစားရပါတယ်။ ကစားသမားတွေကို လေ့လာချိန်အများကြီးမရပဲ တရုတ်လို အသင်းကို အဝေး ကွင်းမှာ ခြေစမ်းပွဲကစားပြီး ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။အခုလည်း လေးနိုင်ငံ ဖိခေါ်ပွဲမှာ ကိုယ့်ထက် အင်အားကြီးတဲ့ အသင်းတွေနဲ့ ဆက်တိုက်ကစားရပါအုံးမယ်။ဒါတင်ပဲလားဆိုတော့ အာရှအဆင့် ပွဲစဉ်ကိုလည်း ကစားရအုံးမှာ ဖြစ်ပြီး ဒီပွဲစဉ်တွေကို အကုန်လုံးကိုတော့ အောင်မြင်အောင် စွမ်းဆောင်ဖို့ မလွယ်ပါဘူး။ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း ဒီနှစ်ကစားရမယ့် အာဆီယံ ဆူဇူကီးဖလားအောင်မြင်မှုကိုသာ အဓိက ထား ပစ်မှတ်ထားထားတာကြောင့် ကျွန်တော့်အတွက် အဓိက ပွဲစဉ်ကတော့ ဆူဇူကီးပြိုင်ပွဲ ဖြစ်လာမှာပါ။” လို့လည်း အန်တွန်နီဟေးက ရှင်းလင်းပြောခဲ့ပါသေးတယ်။

တစ်ကယ်လည်း မြန်မာအတွက် မျှော်လင့်ခွင့်ရှိတာက ဆူဇူကီး ပြိုင်ပွဲလောက်သာ ရှိနေတာ ဖြစ်ပြီး အခု ကစား ရမယ့် အာရှအားကစားပွဲတော်မှာလည်း အာရှ ထိပ်သီးတွေဖြစ်တဲ့ ဆော်ဒီ၊အီရန်၊မြောက်ကိုရီးယားတို့နဲ့ တစ် အုပ်စုတည်းကျရောက်နေတာကြောင့်လည်း မြန်မာအတွက် မျှော်လင့်ချက်က သိပ်များများစားစားတော့ မရှိလှ ပါဘူး။ ဒီပွဲက အတွေ့အကြုံတွေနဲ့ လူငယ်တွေ ဘယ်လောက်ထိ တိုးတက်မြင့်မားလာမလဲဆိုတာကိုပဲ ဆူဇူကီး ပြိုင်ပွဲမှာ အသုံးချရမှာ ဖြစ်ပါတယ်။

အတွေ့အကြုံလို့ဆိုပေမယ့်လည်း အိမ်ရှင်ဖြစ်တဲ့ အတွက် ပရိသတ်တွေကတော့ အောင်မြင်စေချင်ကြတာပါပဲ၊ ဒါကိုလည်း နည်းပြနဲ့ ဘောလုံးအဖွ့ဲချုပ်ကောင်းစွာနားလည်ထားနှင့်ပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ဒါကြောင့် လည်း အသင်းရဲ့ အဓိက ကစားသမားလို့ ဆိုရမယ့် အောင်သူကို ပြည်ပ ကလပ်အသင်းကနေ မရမက ပြန် လည်တောင်းဆိုထားတာကလည်း သိသာစေပါတယ်။

အောင်သူပါဝင်လာတဲ့ မြန်မာ ယူ-၂၃ ပဏာမ လူစာရင်းမှာတော့ အသက်ကျော် ကစားသမား ၄ ဦး ပါဝင်လာသလို မျက်နှာသစ် ကစားသမားအချို့ကိုလည်း အန်တွန်နီဟေးက ခေါ်ယူထားတာ တွေ့ရပါတယ်။

အသက်ကျော် ကစားသမား ၃ ဦး ပါဝင်ခွင့်ရှိတဲ့ အာရှအားကစားပွဲတော်ရဲ့ စည်းမျဉ်းကြောင့်လည်း အန်တွန်နီ ဟေး အခုလို ခေါ်ယူထားတာ ဖြစ်ပြီး လူရွေးချယ်မှု အပေါ်မှာတောာ့ လက်ရှိအချိန်ထိ ကြီးကြီးမားမား ဝေဖန်မှု တွေ မရှိသေးပါဘူး။

နည်းပြနဲ့အဖွဲ့ကတော့ မနက်ဖြန် ဇူလိုင် ၂၃ ရက်နေ့မှာ ပြိုင်ပွဲကျင်းပမယ့် မန္တလေးမြို့ကို စောလျှင်စွာထွက် ခွာ လေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ သိထားရပြီး အတွေ့အကြုံကောင်းတွေနဲ့အတူ အောင်မြင်မှုပါ ရရှိခဲ့မယ် ဆိုရင် တော့ မြန်မာဘောလုံးချစ် ပရိသတ်တွေ အတိုင်းထက် အလွန် ပီတီ ဖြစ်ကြမှာ အမှန်ပင်………။

Share

Loading Next Article...
က္က