ပွဲပျက်ခဲ့တဲ့ ဟံသာဝတီနဲ့ပွဲကို စက်တင်ဘာ ၁၁ ရက်နေ့ ပြန်ကစားဖို့ အတည်ပြုထားပါတယ်။

ပွဲပျက်ခဲ့တဲ့ ဟံသာဝတီနဲ့ ပွဲအပါအဝင် လက်ကျန် ၂ ပွဲမှာ အနည်းဆုံး ၆ မှတ်ရရုံနဲ့ ချန်ပီယံဘွဲ့ခံယူနိုင်မှာ ဖြစ်ပြီး မြဝတီ၊ ဆောက်သမ်းအသင်းတို့ နဲ့ ကစားရမှာပါ။



 

မနေ့က ရန်ကုန်နဲ့ ဟံသာဝတီအသင်းတို့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၃) ပွဲကျန် အဖြစ် ကစားခဲ့ရာမှာတော့ ပထမပိုင်းအပြီးမှာ ရာသီဥတု ကြောင့်ပွဲကို ဆက်လက်ကျင်းပနိုင်ခဲ့ခြင်းမရှိပါဘူး။

လက်ကျန် ဒုတိယပိုင်းကိုတော့ လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်မှာ ဆက်လက်ကစားသွားစေဖို့ မြန်မာနေရှင်လိဂ် ကော်မတီက ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

Photo - MNL

 

အဆိုပါ ဆုံးဖြတ်ချက်ကို နှစ်ဖက်အသင်းက သဘောတူညီခဲ့တာကြောင့် ပြန်ကန်ပွဲကိုမူ လက်ရှိ ပထမပိုင်းက ၁-၀ ဂိုးရလဒ်အတိုင်းသာ ဆက် လက်ကစားသွးစေမယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး လူစာရင်းကိုလည်း ယခု လူစာရင်းအတိုင်းသာ ကစားသွားရမှာ ဖြစ်ပါတယ်။

၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ချန်ပီယံက ရန်ကုန်ယူနိုက်တက်လား? 

ဟံသာဝတီအသင်းက ၁-၀ ဂိုးနဲ့ ဦးဆောင်နေတာ ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ပွဲကို ဆက်လက်ကစားနိုင်ခြင်းမရှိတော့တာကြောင့် အခု လိုပွဲကို ရပ်နားခဲ့ရတာလည်း ဖြစ်ပါတယ်။

Photo - MNL

 

ရန်ကုန်အသင်းအနေနဲ့ လက်ကျန်ပွဲ ၂ ပွဲအလိုမှာ ရမှတ် ၄၅မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက ရှမ်းယူနိုက်တက်ကို တစ်ပွဲလျော့ ၁ မှတ်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

လက်ကျန် ပွဲစဉ်များဖြစ်တဲ့ မြဝတီ၊ဆောက်သမ်းအသင်းတို့နဲ့ ပွဲစဉ်တွေမှာသာ အနိုင်ရရှိအောင် ကစားသွားမယ်ဆိုပါက ယခု ဟံသာဝတီနဲ့ ပွဲက ရလဒ်က အရေးပါတော့မှာ မဟုတ်ပါဘူး။

Photo - MNL

 

ဒါပေမယ့်လည်း ယခုပွဲစဉ်ကို စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကစားမှာ ဖြစ်တာကြောင့် ယခုပွဲရလဒ်က အရင်ထွက်ပေါ်လာမှာ ဖြစ်ပြီး ရန်ကုန် ယူနိုက်တက်အတွက် အရေးပါနေတာလည်း ဖြစ်ပါတယ်။

ဒုတိယနေရာက ရှမ်းယူနိုက်တက်အသင်းအနေနဲ့ ပွဲစဉ် (၁၃) ပွဲကျန်အဖြစ် ဇွဲကပင်အသင်းကို အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့်လည်း အနိုင်ရရှိ အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အခွင့်ရေးကောင်းကို လက်လွှတ်ဆုံးရှုံးလိုက်ရတာလည်း ဖြစ်ပါတယ်။

Photo - YUFC

 

အကယ်၍ ဇွဲကပင်အသင်းကိုသာ အနိုင်ရရှိခဲ့ပါက ယခုအချိန်မှာ ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၄၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင် နေမှာ ဖြစ်ပေမယ့်လည်း ရှမ်းရဲ့ လွဲချော်မှုကြောင့်ရန်ကုန်အသင်းက ချန်ပီယံလမ်းကြောင်းပေါ်မှာ ထိပ်ဆုံးက ဆက်လက်ဦးဆောင်နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ယခု ပွဲပျက်ခဲ့တဲ့ ဟံသာဝတီနဲ့ပွဲ အပါအဝင် လက်ကျန် ၃ ပွဲမှာ ရန်ကုန်အသင်းက ၂ ပွဲသာ အနိုင်ရဖို့ လိုအပ်နေပြီ၊ တစ်နည်းအားဖြင့် ဆိုရင်တော့ ၆ မှတ်ရရင် ချန်ပီယံ ဖြစ်တော့မှာ ဖြစ်ပါတယ်။

ရန်ကုန်အသင်းက လက်ကျန် ၂ ပွဲနဲ့ တစ်ဝက်မှာ ၆ မှတ်ရယူပြီး မြန်မာနေရှင်နယ်လိဂ် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အသင်းအဖြစ် မှတ်တမ်း ရေးထိုးနိုင်မလား၊ရန်ကုန်အသင်းရဲ့ ခြေချော်မှုတွေကို ရှမ်းကပဲ အခွင့်ကောင်းပြန်ယူပြီး ၂ နှစ်ဆက် လိဂ်ဖလားကြီးကို ဆွတ်ခူး သွား မလားဆိုတာ စိတ်ဝင်စာားဖို့ ကောင်းနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က