AD
AD
AD
play

 

ယခုနှစ် MNL Max Cement 2017 အမှတ်ပေးပြိုင်ပွဲတွင်ဗိုလ်စွဲခဲ့ခြင်းကြောင့်၂၀၁၈ ခုနှစ် 2018 AFC Champions League Play-off အဆင့်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသော ရှမ်းယူနိုက်တက်အသင်း၏ အိမ်ကွင်းအား အာရှဘောလုံးအဖွဲချုပ်၏ Marketing Partner ကုမ္ပဏီဖြစ်သော Lagadere Sports Co မှ တာဝန်ရှိသူက ပဏာမသွားရောက်စစ်ဆေးမှုများကို မနေ့က ပြုလုပ်ခဲ့ပါတယ်။

play

 

Lagadere Sports မှတာဝန်ရှိသူ၏ ပဏာမ စစ်ဆေးချက်အရ လက်ရှိ ကွင်းအနေအထေားမှာ ဆိုးရွားခြင်း မရှိပဲ လိုအပ်သည့်အပိုင်းများကို အဆင်မြှင့်တင် ပြုပြင်လိုက်ပါက AFC မှ ပြိုင်ပွဲကျင်းပခွင့် ပေးနိုင်ဖွယ်ရှိကြောင်း၊ ရှမ်းပြည်နယ် ပရိသတ်များ ကွင်းပြည့် ကွင်းလျှံ လာရောက်ကြည့်ရှု အားပေးပါက မိမိတို့ ပြိုင်ပွဲပုံရိပ်လည်း ပိုကောင်းလာစေမည် ဖြစ်ကြောင်း၊ အဆင့်မြှင့်တင် ပြုပြင်ရန် လိုအပ်သော အပိုင်းများကို အသေးစိပ် ပြန်လည် အကြောင်းကြားပေးမည် ဖြစ်ကြောင်း၊ ၎င်းတို့ အနေနှင့် AFC သို့လည်း ယခုကွင်းတွင် လိုအပ်သော အဆင့်မြှင့်တင် မွမ်းမံမှုများ ပြုလုပ်ပြီးပါက ACL Play-off ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ပေးရန် ထောက်ခံအဆိုပြု ပေးမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့တယ်လို့လည်း သိရပါတယ်။

play

 

AFC အနေနှင့် ယင်းကွင်းအား ပြိုင်ပွဲကျင်းပခွင့် ပြုနိုင်၊ မပြုနိုင်ကို အသေးစိပ်လာရောက်စစ်ဆေးမှုများ ထပ်မံပြုလုပ်ဦးမည် ဖြစ်ပြီး ရှမ်းယူနိုက်တက် အသင်းအနေနှင့်လည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပ လိုပါက AFC မှ သတ်မှတ်ထားသော နိုင်ငံတကာ ကွင်းစံချိန်စံညွှန်းများနီးပါး လိုအပ်သည့် အပိုင်းများကို အချိန်မှီ ပြုပြင်ဆောင်ရွက်ထားရမည် ဖြစ်သည်။

 

ACL ပြိုင်ပွဲ၏ အခြေခံ သတ်မှတ်ချက်အရ ကွင်းအတွင်းရှိ ထိုင်ခုံများကို ခုံနံပါတ် အလိုက် ထားရှိရမည်ဖြစ်ပြီ၊ LED Score Board၊ Flood Light များအပါအဝင် လိုအပ်သည့် အခန်းများ၊ Media Tribune၊ TV Control Room စသည့်အခြေခံလိုအပ်ချက်များကို အဆင့်မီစွာ ပြုပြင်ဆောင်ရွက်ထား ရမည် ဖြစ်သည်။

Postby

Photos- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD