AD
AD
AD

၂၀၁၈ ခုနှစ်အတွက် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်ဇယားများ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ ဇွဲကပင် ယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်နဲ့ ဖွင့်လှစ်ထားပါတယ်။

play
လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်

 

ယခုထုတ်ပြန်လိုက်တဲ့ ပွဲစဉ်ဇယားများအရ ဖွင့်ပွဲကို ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ တစ်ပွဲတည်း စတင်ကျင်းပသွားမှာ ဖြစ်ပြီး ၁၃၊၁၄၊နဲ့ ၁၅ ရက်နေ့ တွေမှာ ပွဲစဉ်(၁) လက်ကျန်ပွဲတွေကို ဆက်လက်ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

play

 

ဒါ့အပြင် ယခုနှစ်မှာ တန်းတက်လာပြီး အသင်းနာမည် ပြောင်းလဲအသုံးပြုမယ့် မဟာယူနိုက်တက်အသင်းမှာလည်း ပွဲစဉ်ဇယားမှာ ဖော်ပြထားရှိမှု အရ စစ်ကိုင်းယူနိုက်တက်လို့ ပွဲစဉ်(၁)မှ စတင်ခေါ်တွင်စေတော့မှာ ဖြစ်ပြီး အဖွင့်ပွဲကိုလည်း အိမ်ကွင်းအဖြစ် အသုံးပြုမယ့် မုံရွာ ကွင်းမှာ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ ရခိုင်ယူနိုက်တက်အသင်းကို စတင် ဧည့်ခံကစားမှာ ဖြစ်ပါတယ်။

 

မူလက နေပြည်တော်ရှိ ဇေယျာသီရိကွင်းကို အိမ်ကွင်းအဖြစ် လက်ခံကျင်းပမယ့် မြ၀တီ အသင်းကတော့ ပွဲစဉ်ဇယားမှာ ဖော်ပြချက်အရ အောင် ဆန်းကွင်းကိုသာ ယာယီအားဖြင့် အသုံးပြုအုံးမှာလည်း ဖြစ်ပါတယ်။

နောက်ထပ် တစ်ချက်ဖြစ်တဲ့ ညပိုင်းပွဲစဉ်များပြောင်းလဲ ကျင်းပနိုင်ဖို့အတွက်လည်း အဆိုပြုထားတဲ့အသင်းများမှ အချိန်မီ ပြီးစီးကြောင်း တင်ပြ လာခြင်း မရှိတဲ့အတွက် ပွဲစဉ်များရဲ့ အချိန်ကို မူလအတိုင်းသာ ညနေပိုင်းများမှာသာ ဆက်လက်ကျင်းပစေမယ်လို့လည်း မြန်မာနေရှင်နယ်လိဂ် ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

2018 MPT Myanmar National League ရဲ့ ပထမအကျော့ပွဲစဉ်တွေကို ဧပြီလ ၃၀ရက်နေ့မှာ ပြီးစီးစေမှာ ဖြစ်ပြီး ဒုတိယအကျော့ကိုမူ မေလ ၁၉ ရက်နေ့တွင် ပြန်လည်စတင်မည်ဖြစ်ကာ စက်တင်ဘာလမှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။

Source- MNL

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD