AD
AD
AD

မြန်မာအသင်းဟာ ကာဂျစ်အသင်းကို အနိုင်ရရှိဖို့ လိုအပ်နေခဲ့ပေမယ့်လည်း ပွဲအပြီးမှာတော့ ၅-၁ ဂိုးရလဒ်နဲ့အတူ ကာဂျစ်အသင်းကို ဂိုးပြတ် အ ရေးနိမ့်ခဲ့ရပါတယ်။

play

 

ပွဲအစ ၂ မိနစ်နဲ့ ၅ မိနစ်တွေမှာပင် ကာဂျစ်အသင်းကို ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးလိုက်ရတာက ဒီပွဲမှာ မြန်မာအသင်း ဂိုးပြတ်အရေးနိမ့်ခဲ့ရတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ နောက်ထပ် အမှားလုပ်မိတာကတော့ ယခုလို အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲမှာ ပြိုင်ပွဲအတွေ့အကြုံ နုနယ်သေးတဲ့ နောက်ခံ လူကျော်စွာလင်းနဲ့ တိုက်စစ်မှူး အီစိုးတို့ကို ပွဲထွက်စာရင်းမှာ ထည့်သွင်းအသုံးပြုခဲ့ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာအသင်းအတွက် ယခုပွဲစဉ်ဟာ သမိုင်းတွင်စေမယ့် ပွဲတစ်ပွဲအဖြစ် ရှိနေခဲ့ပေမယ့်လည်း အဆိုပါ သမိုင်းမှတ်တိုင်သစ်ကို ရေးထိုးနိုင်ခြင်းမရှိ ခဲ့ပဲ အရှက်တကွဲ ဂိုးပြတ်အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပထမပိုင်းမှာ ၂-၀ ဂိုးနဲ့ အရေးနိမ့်နေတာကြောင့်ဒုတိယပိုင်းမှာ ကျော်ကိုကိုကို လူစားလဲခဲ့ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့်လည်း ကာဂျစ်အသင်း ဖက်ကသာ ဂိုးတွေ ဆက်တိုက်ရရှိခဲ့ပြီး ၆၃ မိနစ်နဲ့ ၇၄ မိနစ်တွေမှာ ကာဂျစ်အသင်းက ဂိုးတွေ ဆက်လက်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာအသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို ကျော်ကိုကိုက ပွဲချိန် ၈၃ မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့်လည်း ကာဂျစ်အသင်းက ၈၇ မိ နစ်မှာ နောက်ထပ်တစ်ဂိုး ထပ်မံသွင်းယူလိုက်တာကြောင့်ပွဲအပြီးမှာ ကာဂျစ်အသင်းက ၅-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယခုလို ရှုံးနိမ့်ခဲ့ရတာကြောင့် မြန်မာအသင်းရဲ့ နှစ်ပေါင်း (၅၀)မက်နေတဲ့ အာရှဖလား ၀င်ခွင့်အိပ်မက်ကြီးဟာလည်း မနိုးထနိုင်တော့ပဲ ဆက်မက်နေခဲ့ရပြီဖြစ်ပါတယ်။

မတ်လ ၂၇ ရက်နေ့မှာတော့ မကာအိုအသင်းနဲ့ အာရှဖလားခြေစစ်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် ရန်ကုန်မှာ ကစားရမှာ ဖြစ်ပေမယ့် မြန်မာအသင်း အတွက်တော့ အရေးပါတော့ခြင်းမရှိတော့ပေ။

Photo- AFC.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD