AD
AD
AD
play
ရတနာပုံနှင့် သန်ကွမ်နင်း ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်ပွဲ


၂၀၁၇ ခုနှစ် AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု (H) နောက်ဆုံးနေ့ပွဲစဉ်အဖြစ် မြန်မာကလပ် ရတနာပုံအသင်းနဲ့ ဗီယက်နမ်မှ သန်ကွမ်နင်းတို့ ယနေ့ (မေ ၂ ရက်) ညနေ ၅ နာရီက မန္တလေးမြို့ရှိ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာ ရတနာပုံအသင်းဟာ ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခဲ့ရပါတယ်။ ဗီယက်နမ်ကလပ်အတွက် ပထမဆုံးအနိုင်ဂိုးကို ရတနာပုံအသင်းမှ နေမျိုးအောင်က ကိုယ့်ဂိုးကိုယ်သွင်းယူမှုကနေ ရရှိသွားခဲ့ပါတယ်။

ပထမပိုင်းအပြီးမှာ သန်ကွမ်နင်းက ၁-၀ ဂိုးဖြင့် ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ဆက်လက် ယှဉ်ပြိုင်ကစားရာမှာ ပွဲကစားချိန် ၅၆ မိနစ်မှာ ဒူအောင်းနဲ့ ၇၃ မိနစ်မှာ ငုယင်ဟိုင်ဟွေးတို့က တစ်ဂိုးစီသွင်းယူခဲ့ကာ ပွဲအပြီးမှာ ၃ ဂိုးပြတ်ဖြင့် သန်ကွမ်နင်းက အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။ သန်ကွမ်နင်းဟာ အုပ်စုတက်ရန် အခွင့်အရေးမရှိတော့ပေမဲ့ ရတနာပုံကို အနိုင်ကစားပြီး အုပ်စုတွင်း ပထမဆုံးနိုင်ပွဲ ရယူသွားခဲ့ပါတယ်။

play


ရတနာပုံအသင်းမှ အသင်းခေါင်းဆောင် ရန်ပိုင်၊ ကွင်းလယ်ကစားသမား ရဲကိုဦးနဲ့ တောင်ပံကစားသမား သက်နိုင်တို့ ပွဲပယ်ခံထားရတာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။

AFC Cup ဘောလုံးပြိုင်ပွဲ အုပ်စု (H) မှာ စင်ကာပူမှ ဟုမ်းယူနိုက်တက်က ၄ ပွဲကစား ၃ ပွဲနိုင် တစ်ပွဲရှုံး ရမှတ် ၉ မှတ်ဖြင့် အုပ်စုအဆင့်မှ တက်ရောက်သွားခဲ့ပါတယ်။ မြန်မာဘောလုံးကလပ် ရတနာပုံကတော့ ၄ ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ ၂ ပွဲရှုံး ရမှတ် ၄ မှတ်ဖြင့် အုပ်စုတတိယနေရမှာ ရပ်တည်ခဲ့ကြောင်း သိရပါတယ်။
Source & Photo: Yadanarbon FC, LiveScore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD