AD
AD
AD

၂၀၁၈ ခုနှစ် AFC CUP ပြိုင်ပွဲကို ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီလို့ သိရပါတယ်။

play

 

မူလက ခြေစစ်ပွဲမှ တဆင့် ၀င်ရောက်ကစားရမှာ ဖြစ်ပေမယ့်လည်း ယခုအခါ ခြေစစ်ပွဲဝင်မယ့် အသင်းများမှာ ပြိုင်ပွဲမှ နှုတ်ထွက်သွားသဖြင့် ယခုလို ခြေစစ်ပွဲကို အလိုလိုအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ရန်ကုန်ယူနိုက်တက်အသင်းနဲ့အတူ ခြေစစ်ပွဲကစားရမယ့် ဘရူနိုင်း အရှေ့တီမောနိုင်ငံများမှ ကလပ်အသင်းများက ခြေစစ်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့တာလည်း ဖြစ်ပါတယ်။

ယခုနှစ်ရာသီမှာ မြန်မာနေရှင်နယ်လိဂ်မှ ရှမ်းယူနိုက်တက်နဲ့ ရန်ကုန်ယူနိုက်တက်အသင်းတို့ အာရှအဆင့် ပြိုင်ပွဲများကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရ ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းက အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲကို ခြေစစ်ပွဲမှတဆင့် ၀င်ခွင့်ရထားပြီး ဖိလစ်ပိုင်ချန်ပီယံနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်။

ရန်ကုန်အသင်းကတော့ ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှာ ဒုတိယရခဲ့သလို ရှုံးထွက်ဖလားမှာလည်း ဒုတိယရခဲ့တာကြောင့် AFC CUP ပြိုင်ပွဲ ကိုသာ ၀င်ခွင့်ရထားခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်အသင်းအနေနဲ့ အာရှအဆင့် ပြိုင်ပွဲမှာ အမြင့်ဆုံးအဆင့်အဖြစ် ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်ထိသာ တက်လှမ်းနိုင်ခဲ့သလို ၂၀၁၆ ခုနှစ်က နောက်ဆုံးပါဝင်ကစားထားခဲ့တာ ဖြစ်ပါတယ်။

ယမန်နှစ်က အာရှချန်ပီယံလိဂ်ခြေစစ်ပွဲကို ရတနာပုံအသင်းက ကစားခွင့်ရခဲ့ပြီး မကွေးအသင်းကAFC CUPကို ၀င်ခွင့်ရခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD