AD
AD
AD

လတ်ဗီးယား ပထမတန်း ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရီဂါ အသင်းဟာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ ကြံ့ခိုင်ရေး နည်းပြဟောင်း ပိုပေါ့စကီး ကို တာဝန်ပေးခန့်အပ်ခဲ့ပြီလို့ သိရပါတယ်။

play

 

ပိုပေါ့စကီးမှာ မြန်မာ့လက်ရွေးစင်အသင်းမှာ နည်းပြချုပ်ဂတ်ဆီဇီ တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း ပူးတွဲတာဝန်ထမ်းဆောင်ခဲ့တဲ့ ကြံ့ ခိုင်ရေး နည်းပြတစ်ဦးဖြစ်ပြီး ယခုအခါမှာတော့ လမ်းခွဲခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

၎င်းအနေနဲ့ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းနဲ့အတူ ထိုင်းနိုင်ငံ ဖိတ်ခေါ် M-150 ပြိုင်ပွဲကိုလည်း ပူးပေါင်း တာဝန်ထမ်းဆောင်ခဲ့သလို အခြား သောပြိုင်ပွဲများတွင်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ လက်တွဲပြီး ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

၎င်းအနေနဲ့ ယခုလို အလုပ်သစ်တစ်ခု ရှာဖွေတွေ့ရှိခဲ့တာနဲ့ ပတ်သက်ပြီး -" မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ကျေးဇူးတင်ရှိပါတယ်။နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ကတော့ ယူရိုပါလိဂ် ၀င်ခွင့်ပါပဲ။"ဆိုတဲ့ ရေးသားမှုတစ်ခုကို ၎င်းရဲ့လူမှု ကွန်ရက် စာမျက်နှာထက်မှာရေးသားဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ လတ်ဗီးယား ပထမတန်း ကလပ် ရီဂါအသင်းနဲ့အတူ တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကာ လာမယ့်နှစ် ယူရိုပါလိဂ် ၀င်ခွင့်ရရှိဖို့ အတွက် အမှတ်ပေးဇယား အဆင့် ၄ နေရာကနေ တိုက်ပွဲဝင်နေတယ်လို့လည်း သိရပါတယ်။

Source- Sashko Poposki facebook page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD