AD
AD
AD

ရန်​ကုန်​ယူနိုက်​တက်​အသင်း နည်းပြချုပ်​ ​ဦးမျိုးမင်းထွန်း အနေနဲ့ မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​ (MFF) စည်းကမ်း ထိန်းသိမ်း​ရေး​ကော်​မတီက ချမှတ်တဲ့  ပွဲပယ်​ပြစ်​ဒဏ်​​ကြောင့်​ MNL ပွဲစဉ်​ (၉) နှင့်​ ပွဲစ​ဉ်​ (၁၀) ကိုကွင်းအတွင်းကြီးကြပ်​ခွင့်​ရမှာ မဟုတ်​​ဘူးလို့ သိရပါတယ်။

play

 

ယခုလို ပွဲပယ်ပြစ် ချမှတ်ရခြင်းမှာ ဦးမျိုးမင်းထွန်းမှာ ပြီးခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် (၈)အဖြစ် ကစားခဲ့တဲ့ မကွေးအသင်းနဲ့ ပွဲစဉ်အပြီးမှာ တစ်ဖက်ကစားသမားများနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ပျက်ကွက်ခဲ့တာကြောင့်လို့ သိရပါတယ်။

play

အဆိုပါ ပွဲစဉ်မှာ ရန်ကုန်ယူနိုက်တက်အသင်းဟာ မကွေးအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို အဓိက ဂိုးသမား ကျော်ဇင်ထက်မှာလည်း ဦးခေါင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီး နှစ်ဖက်ကစားသမားများ လက်ဆွဲနှုတ်ဆက်အပြီး နည်းပြအဖွဲ့ဝင်များကို မကွေးကစားသမားများ လာရောက်လက်ဆွဲနှုတ်ဆက်ချိန်မှာ တော့ နည်းပြချုပ်ဦးမျိုးမင်းထွန်းက လစ်လျူရှုခဲ့ပြီး အမြန်ထွက်ခွာသွားတာလည်း ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့်ယခုအခါ ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီ ဖြစ်ပြီး ယနေ့ညနေ ၄ နာရီမှာ ကစားမယ့် မြ၀တီအသင်းနဲ့ ပွဲစဉ်အပါအ၀င် လာမယ့် ဧပြီ လ ၇  ရက်နေ့မှာ ကစားမယ့် ရတနာပုံအသင်းနဲ့ အိမ်ကွင်းပွဲစဉ်ကိုပါ လွဲချော်တော့မှာလည်း ဖြစ်ပါတယ်။

Source- MNL/Photos- YUFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD