၂၀၁၈ ခုနှစ်အတွင်း မြန်မာ့ဘောလုံးအသင်းများအတွက် ကုန်ကျငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၆ သန်းခန့် ကုန်ကျဖွယ်ရှိတယ်လို့ ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်ရဲ့ ပြောပြချက်အရ သိရပါတယ်။

play

 

"ပြီးခဲ့တဲ့နှစ်​က MFF ရဲ့ စုစု​ပေါင်းအသုံးစရိတ်​က အ​မေရိကန်​​ဒေါ်လာ (၆) သန်းခဲ့ရှိပါတယ်​။ဒီနှစ်​လည်း ဒီ​လောက်​ပဲ သုံးစွဲရမှာပါ။ ဒါ​ပေမယ့်​ လက်​ရှိအချိန်​မှာ​တော့ စပွန်​ဆာ​တွေ ရရှိထားတာ အပါအဝင်ဆိုရင်​ ​ဒေါ်လာ (၄)သန်းခွဲ​လောက်​ပဲ ရှိပါ​တယ်။ ဒေါ်လာ (၁) သန်းခွဲ​လောက်​ လိုအပ်​​နေပါတယ်​။ အသုံးစရိတ်​က​တော့ ဘယ်​လိုမှ​လျှော့လို့ရမှာ မဟုတ်​ပါဘူး။ နိုင်​ငံတကာပြိုင်​ပွဲ​တွေ မဖြစ်​မ​နေဝင်​ပြိုင်​ရမှာပါ။ လက်​ရှိအ​နေ
ထားဆိုရင်​​တော့ လိုအပ်​​ငွေကို ဥက္ကဋ္ဌကပဲ စိုက်​ထုတ်​သွားရဖို့ရှိပါတယ်​။ " မြန်​မာနိုင်​ငံ​ဘောလုံးအဖွဲ့ချုပ်​ (MFF) CEO ​ဦးဘုန်းနိုင်​​ဇော်​ ​ပြောကြားခဲ့သည်​။

မြန်​မာနိုင်ငံ​ဘောလုံးအဖွဲ့ချုပ်​ (MFF) သည်​ လာမည့်​ ၂၀၁၈ ခုနှစ်​အတွင်း၌ မြန်​မာ့လက်​​ရွေးစင်​ အမျိုးသားအသင်း ၊မြန်​မာ့လက်​​ရွေးစင်​ အမျိုး သမီး အသင်းကြီးများနှင့်​ သက်​တမ်းအလိုက်​ လူငယ်​လက်​​ရွေးစင်​အသင်းများရဲ့ နိုင်​ငံတကာ ပြိုင်​ပွဲများယှဉ်​ပြိုင်​ရန်​ရှိသလို ပြည်​တွင်းပြိုင်​ပွဲ များလည်း ကျင်းပရဖို့ ရှိနေပါတယ်။

ဒါ့အပြင် လူငယ် အားကစားပွဲတော်များ အပါအ၀င် အခြားသော အားကစား ဆောင်ရွက်မှုများအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့် အနည်းဆုံး သုံးစွဲနေရပြီး ယမန်နှစ်ကလည်း ယခုလိုပင် အမေရိကန်ဒေါ်လာ ၆ သန်းခန့်သုံးစွဲခဲ့ရာက စပွန်ဆာ ရရှိမှု အားနည်းတာ ကြောင့် အဖွဲ့ချုပ် ဥက္ကဋ္ဌကပဲ အမြဲတမ်းစိုက်ထုတ်သုံးစွဲပေးနေရတာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video