AD
AD
AD

အင်ဒိုနီးရှားနိုင်ငံက အိမ်ကွင်းအဖြစ် လက်ခံကျင်းပမယ့် ၂၀၁၈ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို မြန်မာလက်ရွေးစင် အမျိုးသမီး အသင်း ၀င်ရောက်ယှဉ်ပြိုင်မှာလည်း ဖြစ်ပါတယ်။

play

 

ယင်းပြိုင်​ပွဲကို ​မေ (၁) ရက်​မှ (၁၄) ရက်​အထိ ကျင်းပရန်​ အာဆီယံ​ဘောလုံးအဖွဲ့ချုပ်​ (AFF) ထံ တင်​ပြခဲ့​သော်​လည်း မြန်​မာနှင့်​ ဗီယက်​နမ်​ တို့က ကန့်​ကွတ်​ခဲ့​သော​ကြောင့်​ကျင်းပမယ့်ရက်ကို အခုလို ပြောင်းလဲခဲ့ရတယ်လို့ သိရပါတယ်။

play

 

ပြောင်းလဲကျင်းပမယ့် ရက်ကိုတော့ လာမယ့် ဇွန်လ ၂၈ ရက်နေ့မှ ဇူလိုင်လ ၁၁ ရက်နေ့အထိ ပြန်လည်ပြောင်းလဲကျင်းပဖို့ ရှိတယ်လို့ သိရပြီး အတိအကျကိုတော့ ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာပေးသွားမယ်လို့လည်း သိရပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ချန်ပီယံ မဖြစ်တော့သည်မှာ ၁၀ နှစ်ကျော် ကြာမြင့်နေ ခဲ့ပြီဖြစ်ပြီး လက်ရှိ နည်းပြချုပ်အဖြစ် ဦးဝင်သူမိုးကို တာဝန်ယူကိုင်တွယ်စေလျက်ရှိနေပါတယ်။

ပြိုင်ပွဲကြို ပြင်ဆင်မှုများအဖြစ် လက်ရှိမှာ ပြည်တွင်းမှာသာ လေ့ကျင့်လျက်ရှိနေပြီး ပြည်ပသို့ သွားရောက်လေ့ကျင့်နိုင်ရေး စီစဉ်ထားတယ်လို့ လည်းသိရပါတယ်။

နောက်ဆုံးကျင်းပထားခဲ့တဲ့ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပေမယ့်လည်း တတိယနေ ရာသာ ရရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD