AD
AD
AD

ပြင်သစ်လူမျိုး နည်းပြ ဘန်လာဘီကို အာရှအမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲဝင်မယ့် ဖိလစ်ပိုင် အမျိုးသမီး လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် အဖြစ် ခန့်အပ်လိုက်ပြီလို့ ဖိလစ်ပိုင် ဘောလုံးအဖွဲ့ချုပ်က ယခုတစ်ပတ်အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

play

 

ဘန်လာဘီ ကိုင်တွယ်မယ့် ဖိလစ်ပိုင်အမျိုးသမီး အသင်းမှာ ဂျပန်နိုင်ငံကို မတ်လ ၂၀ ရက်နေ့မှ စတင်သွားရောက်လေ့ကျင့်နေပြီလို့ သိရပြီး တစ်ပတ်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့လည်းသိရပါတယ်။

play

 

ဖိလစ်ပိုင် အမျိုးသမီးအသင်းအနေနဲ့ ၂၀၁၈ ဧပြီလမှာ ကျင်းပမယ့် အာရှ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ရည်ရွယ် ပြင်ဆင်နေခြင်းဖြစ်ပြီး ထိုင်း၊ဗီယက်နမ်အသင်းတို့နဲ့အတူ အာဆီယံ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်မယ့် အသင်းလည်း ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကတော့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိပါဘူး။

ဖိလစ်ပိုင်အသင်းအနေနဲ့ အုပ်စု(က)တွင် ထိုင်း၊တရုတ်၊ဂျော်ဒန်အသင်းများနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ယခု ဖိလစ်ပိုင် အမျိုးသမီး အသင်းကို တာဝန်ယူ ကိုင်တွယ်နေတဲ့ အီတလီလူမျိုး နည်းပြ ဘန်လာဘီမှာ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၈ အသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပြီး အောင်မြင်မှု မရခဲ့တာကြောင့် ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။

Source- AFF.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD