AD
AD
AD

ဘရူနိုင်းနိုင်ငံက ဖိတ်ခေါ် ကျင်းပတဲ့ ဘရူနိုင်း ဘုရင့်ဖလား ဖိတ်ခေါ် ယူ(၂၁) အမျိုးသားဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲမှုကို မတ်လ ၂၁ ရက် နေ့က မဲခွဲခဲ့ရာမှာတော့ မြန်မာအသင်းဟာ အုပ်စု(က)တွင် မဟာပြိုင်ဖက် ထိုင်းအသင်းနဲ့ တစ်အုပ်စုတည်း ကျရောက်လျက်ရှိပါတယ်။

play

 

ဘရူနိုင်းဘုရင့်ဖလား ပြိုင်ပွဲကို လာမယ့် ဧပြီလ ၂၃ ရက်နေ့ကနေ မေလ ၄ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်း အနေနဲ့ အုပ်စု(က)တွင် ထိုင်း၊အရှေ့တီမော၊အိမ်ရှင် ဘရူနိုင်းအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

play

 

ယခုပြိုင်ပွဲကို အိမ်ရှင် ဘရူနိုင်းအသင်းအပါအ၀င် ပြိုင်ပွဲဝင်အသင်း (၇)သင်းသာ ၀င်ရောက်ယှဉ်ပြိုင်လာတာကြောင့် မြန်မာအသင်းပါဝင်တဲ့ အုပ် စု(က)မှာ ၄ သင်း အုပ်(ခ)မှာတော့ လာအို၊စင်ကာပူနဲ့ ကမ္ဘောဒီးယားအသင်းများ ပါဝင်နေပါတယ်။

ယခုပြိုင်ပွဲကို ဘရူနိုင်းနိုင်ငံက ၂၀၁၄ ခုနှစ်က နောက်ဆုံး ကျင်းပထားခဲ့ပြီး မြန်မာ ယူ(၂၁)အသင်းက ချန်ပီယံ ဖြစ်ထားခဲ့တာကြောင့် ယခုပြိုင်ပွဲ ဟာ မြန်မာအသင်းအတွက် ချန်ပီယံ ဘွဲ့ကာကွယ်ရမယ့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ပါဝင်ခဲ့တဲ့ ဗီယက်နမ်အသင်းကတော့ ယခုနှစ်မှာ ပြန်လည်ပါဝင်လာခြင်းမရှိတာလည်း တွေ့ရပါတယ်။

မြန်မာအသင်းအနေနဲ့ကတော့ ယူ-၂၁ အသင်းကို လာမယ့် ၂၀၁၉ ဖိလစ်ပိုင် ဆီးဂိမ်းအတွက်ရည်ရွယ်ပြင်ဆင်နေတဲ့ အသင်းနဲ့ ၀င်ရောက်ယှဉ် ပြိုင်မှာ ဖြစ်ပြီး နည်းပြချုပ် အဖြစ် ဦးကြည်လွင်ကို တာဝန်ပေးအပ်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD