မြန်မာ လက်ခမောင်းက စီစဉ်ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပွဲစဉ်များကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိ အားကစားရုံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

ဒီတစ်ကြိမ် ပွဲစဉ်များမှာတော့ တွဲဆိုင်း ၇ ဆိုင်းအထိ ပါဝင်သွားမှာ ဖြစ်ပြီး ၅ ချီတွဲဆိုင်း ၆ ဆိုင်းအပါအ၀င် အမျိုးသမီး ပွဲစဉ်အဖြစ် မြန်မာနဲ့ ကမ္ဘောဒီးယားတို့မှ ၃ ချီ တွဲဆိုင်းများ ပါဝင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

play

 

ယခု တစ်ခေါက်ရဲ့ အထူးပွဲစဉ်အဖြစ်ကတော့ လက်ရှိ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ တူးတူးနဲ့ ယူကရိန်းမှ ဆိုရိုကင်တို့ရဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

တူးတူးနဲ့ထိုးမယ့် ယူကရိန်းလက်ဝှေ့သမားမှာ အသက် ၁၉နှစ်အရွယ်သာရှိသေးပြီး မွေထိုင်းလက်ဝှေ့ကျော် ဆူစခွန်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ကျင်းပခဲ့သော ထိုင်းဖိုက်ပြိုင်ပွဲမှာ အနိုင်ရခဲ့သူဖြစ်ပြီး လက်ရှိချန်ပီယံ တူးတူးမှာလည်း မြန်မာ့လက်ဝှေ့ ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆို်င်ထားသူဖြစ် ပါတယ်။

လက်ရှိအချိန်မှာတော့ နေပြည်တော်မှာ ပထမဆုံးအကြိမ် ကျင်းပမယ့် ပွဲစဉ်တွေအတွက် ကြိုတင်လက်မှတ်များကို ၀ယ်ယူလို့ရရှိနေပြီလို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
More From

Local Sports

Video