ယနေ့ ညနေပိုင်း ကယှဉ်ပြိုင်ကစားခဲ့တဲ့ Police Tero အသင်းနဲ့ Bangkok Fc အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်မှာ Police Tero အသင်းအတွက် ၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အောင်သူမှာ ထိုင်းလိဂ်(၁)ကလပ်အသင်းနဲ့အတူ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး မြန်မာကစားသမား ဖြစ်လာခဲ့ပါတယ်။

play

 

အဆိုပါ ပွဲစဉ်မှာ ခြေစမ်းပွဲတစ်ပွဲဖြစ်တာကြောင့် ရုပ်သံရိုက်ကူးထုတ်လွှင့်မှု မရှိခဲ့သလို အခြားသော လူမှု စာမျက်နှာထက်များမှလည်း Live လွှင့် ခြင်းမပြုခဲ့ပါဘူး။

ဒါ့အပြင် အသင်းရဲ့ ခြေစွမ်းကို အနီးကပ် အကဲခတ်ချင်တာကြောင့် ခြေစမ်းကစားတာ ဖြစ်ပြီး ပရိသတ်တွေကိုလည်း ၀င်ရောက်ခွင့်မပေးခဲ့ဘူး လို့လည်း သိရပါတယ်။

ဒါပေမယ့်လည်း Police Tero အသင်းရဲ့ တရားဝင် ဖေ့ဘုတ်ပေ့ခ်ျမှာတော့ အချိန်နဲ့တစ်ပြေးညီ သတင်းတင်ပေးခဲ့ပြီး ပွဲကစားချိန် ပထမပိုင်းမှာ ပင် Police Tero အသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရနေခဲ့ပြီး မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူက နှစ်ဂိုးအထိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဂိုးသွင်းယူနိုင်တာကြောင့် အောင်သူအနေနဲ့ ထိုင်းလိဂ်(၁)ကလပ်အသင်းနဲ့အတူ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး မြန်မာကစားသမားဖြစ်လာခဲ့ တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ချင်းရွိုင်အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့တဲ့ ကျော်ကိုကိုကတော့ ထိုင်းလိဂ်(၁)အသင်းတစ်သင်းနဲ့ ပထမဆုံး ပွဲထွက်ကစားနိုင်ခဲ့ တဲ့ မြန်မာကစားသမားဖြစ်လာခဲ့ပါတယ်။

Source- Police Tero Page

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video