AD
AD
AD

မန်ယူအသင်းရဲ့ နောက်ခံလူဟောင်း ဆီဗက်စတာကို မြန်မာနိုင်ငံသို့ အရောက်ခေါ်ယူလာပေးခဲ့တဲ့ မန်းဒ မြန်မာကုမ္ပဏီမှာ ကမ္ဘာကျော် ပရီးမီး ယားလိဂ်ကလပ် မန်ယူအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ထပ်မံ ချုပ်ဆိုထားတယ်လို့ သိရပါတယ်။

play

 

မန်းဒ မြန်မာ ကုမ္ပဏီမှာ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ဖက်စပ် အကျိုးပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းကိုလည်း NUTRITIONAL SUPPLEMENTS PARTNER ဆောင်ရွက်ထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း မန်ယူအသင်းနဲ့အတူ မြန်မာနိုင်ငံမှာ Football Clinic များဆောင်ရွက်လျက်ရှိနေပြီး ၂၀၁၇ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံကို မန် ယူအသင်းနဲ့ ပူးပေါင်းကာ ဘောလုံးဖွံ့ဖြိုးရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

play

 

"ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့ဘောလုံးလောက တိုးတက်မြင့်မားဖို့ပါ။အခုလိုမျိုး Football Clinic တွေ ပြုလုပ်ခြင်း ကလည်း တစ်တပ်တစ်အား ပါဝင်တဲ့သဘောမျိုးကို ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့အနေနဲ့ မန်ယူအသင်းနဲ့ ပူးပေါင်းပြီး နောက်ထပ် နှစ်တွေ မှာလည်း ယခုထက် ပိုမို ထိရောက် ကျယ်ပြန့်ပြီး မြန်မာ့ဘောလုံးလောက်အတွက် အကျိုးရှိစေမယ့် လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင် သွားဖို့လည်းရှိနေပါသေးတယ်။ဒါကြောင့်လည်း မန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နောက်ထပ် ၅ နှစ်သက်တမ်း တိုးချုပ်ဆိုခဲ့တာကြောင့် ၂၀၂၂ ခုနှစ်အထိ ကျွန်တော်တို့ စာချုပ် ရှိနေပါပြီ။" လို့ မန်းဒ မြန်မာ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးက DuwunSports ကို ပြောကြားခဲ့ပါတယ်။

play

 

မန်းဒ မြန်မာအနေနဲ့ ၂၀၁၇ ခုနှစ်တုန်းက မန်ယူကစားသမားဟောင်း ရော်နယ် ဂျွန်ဆင်ကို မြန်မာနိုင်ငံကို ခေါ်ဆောင်လာပေးခဲ့သလို ယခုနှစ် မှာလည်း ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နောက်ခံလူ ဆီဗက်စတာကို ထပ်မံခေါ်ဆောင်လာပေးခဲ့ပြီး လေ့ကျင့်သင်ကြားမှုများကို ပြုလုပ်ပေး စေခဲ့ပြန်ပါတယ်။

ဒါ့အပြင် နောက်ထပ်နှစ်တွေမှာ ယခုထက်ပိုမို ကောင်းမွန်တဲ့ အစီအစဉ်များကိုလည်း လုပ်ဆောင်ပေးနိုင်ဖို့ ရေးဆွဲစီစဉ်ထားတာတွေ ရှိတယ်လို့ လည်း ဆက်လက်သိရှိရပါတယ်။

" ကျွန်တော်တို့အနေနဲ့ အခုလို လုပ်ဆောင်တာဟာ အခုနပြောခဲ့သလို မြန်မာ့ဘောလုံးလောက တိုးတက်မြင့်မာလာစေဖို့ကို ရည်ရွယ်ပြီး လုပ် ဆောင်ပေးနေခြင်းဖြစ်ပါတယ်။အခုလို Football Clinic အစီအစဉ်အပြင် လာမယ့်နှစ်တွေမှာ ဒီထက်ပိုကောင်းမွန်မယ့် အစီအစဉ်တွေကို စဉ်းစား ထားပါတယ်။ ဥပမာ- မန်ယူအသင်းရဲ့ ပွဲစဉ်တွေကို ကြည့်ခွင့်ပေးတာတို့၊ လက်ရှိအသင်းမှာ ကစားနေတဲ့ ကစားသမားတွေကို ခေါ်ဆောင်နိုင် အောင် ကြိုးစားပေးတာတို့လိုမျိုးပေါ့။ ဒီနှစ်တွေကတော့ သူတို့ရဲ့ အချိန်ဇယားမှာလည်း ပြည့်နေပြီး တောင်းဆိုလို့ ဘယ်လိုမှ မရနိုင်တဲ့အပိုင်း တွေ ရှိနေတာကြောင့်လည်း အခုလိုမျိုးလောက်သာ စီစဉ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။" လို့ ဦးမြင့်ဦးက ဆက်လက်ပြောပါတယ်။

မန်းဒ မြန်မာအနေနဲ့ ယခုနှစ် Football Clinic အစီအစဉ်တွေမှာတော့ ရန်ကုန်နဲ့ တောင်ကြီးမြို့များမှာ ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားတယ်လို့ သိရပြီး ဆီဗက်စတာကတော့ မနေ့က ညနေပိုင်းက ရန်ကုန်မြို့ သုမဏ္ဏမြက်ခင်းတုကွင်းမှာ ယူ -၁၆ ကစားသမားလေးများကို လေ့ကျင့်မှုများကို နည်းပြ ဆရာ နှစ်ဦးနဲ့အတူ ပြုလုပ်ပေးခဲ့ပါတယ်။

ယနေ့မှာလည်း မြန်မာ့လက်ရွေးစင်ဟောင်း နည်းပြ ဆရာများကိုလည်း Coaching နည်းစနစ်ပိုင်းများကို သင်ကြားပေးသွားအုံးမှာ ဖြစ်ပြီး တောင်ကြီးမြို့မှာလည်း ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ နှစ်ရက်တိုင်တိုင် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ပေးသွားအုံးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD