AD
AD
AD

မနက်ဖြန် မတ်လ ၂၂ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းနဲ့ ကာဂျစ်အသင်းတို့ရဲ့ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲစဉ်ကို လာရောက် အားပေးမယ့် မြန်မာ ပရိသတ်များအတွက် ကွင်းဝင်ကြေးကို အခမဲ့ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ မူလက ကာဂျစ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် တောင်ကို ရီးယားနိုင်ငံမှာ ပြန်လည်ပြောင်းရွှေ့ ကစားစေခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားရောက် မြန်မာများ လာရောက်အားပေးဖို့လည်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်က မျှော်လင့်နေတယ်လို့ သိရပါတယ်။

play

 

ယခုအခါ တောင်ကိုရီးယားရောက် မြန်မာများ အလွယ်တကူ လာရောက်အားပေးနိုင်ဖို့အတွက် မြန်မာနိုင်ငံေ ဘာလုံးအဖွဲ့ချုပ်က စီစဉ်ဆောင် ရွက်ပေးထားပြီဖြစ်ပြီး ပွဲနေ့တွင် ပြိုင်ပွဲကျင်းပမယ့် အင်ချွန်းအားကစားကွင်းရဲ့ ဂိတ်နံပါတ် WG1တွင် လက်မှတ်များကို အခမဲ့ ထုတ်ယူနိုင် ကြောင်းနှင့် ဇုန်နံပါတ် W4-W5များမှတဆင့် အားပေးကြည့်ရှုနိုင်မည် ဖြစ်ကြောင်းလည်း သိရပါတယ်။

မြန်မာအသင်းနဲ့ ကာဂျစ်အသင်းတို့ရဲ့ ပွဲစဉ်ကို မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီခွဲအချိန်တွင် ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားမှ လည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့ သိရပါတယ်။

မြန်မာအသင်းအနေနဲ့ ၂၀၁၉ အာရှဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် ကာဂျစ်အသင်းကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

Source- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD