AD
AD
AD

မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၁၉ အာရှဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက် နောက်ဆုံး တိုက်ပွဲလို့ ဆိုရမယ့် ကာဂျစ်အသင်းနဲ့ တိုက်ပွဲကို လာမယ့် မတ်လ ၂၂ ရက်နေ့တွင် တောင်ကိုရီးယားနိုင်ငံ အင်ချွန်းပြည်နယ်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

play

 

ဒီပွဲစဉ်အတွက် နည်းပြချုပ် ဂတ်ဆီဇီအနေနဲ့ အကောင်းဆုံး ဖြစ်မယ်ထင်တဲ့ ကစားသမား ၂၃ ဦးကို ရွေးချယ်သွားခဲ့ပြီး ထိုင်းလိဂ်(၁)မှာ ကစား နေတဲ့ အောင်သူနဲ့ ကျော်ကိုကိုတို့လည်း မနေ့က မတ် ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံကတဆင့် တောင်ကိုရီးယားနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာ အသင်းနဲ့ သွားရောက်ပူးပေါင်းမှုတွေ ပြုလုပ်ခဲ့ပြီလို့ သိရပါတယ်။

မြန်မာအသင်းရဲ့ အရေးအကြီးဆုံး ပွဲစဉ်တစ်ပွဲအပေါ်မှာ မြန်မာအသင်းရဲ့ အဓိက အရေးပါဆုံးသော ကစားသမားလို့ ဆိုရမယ့် ထိုင်းကလပ် Police Tero အသင်းမှာ ကစားနေတဲ့ အောင်သူရဲ့ ပြင်ဆင်ထားရှိပုံ၊လေ့လာထားရှိပုံတွေကို တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

မေး- ပထမဆုံးအနေနဲ့ ပထမအကျော့က ၂ ဂိုးပြတ်အရှုံးကနေ ၂ ဂိုးပြန်သွင်းယူနိုင်ခဲ့တဲ့အပေါ် ဘယ်လို သင်ခန်းစာတွေ ရရှိခဲ့ပါသလဲ။

ဖြေ- ကျွန်တော်ကိုယ်တိုင်လည်း သွင်းတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး အသင်းကို ကယ်တင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ကျွန်တော်နည်းပြကို အမြဲတမ်း ပြောဖြစ်ပါတယ်။ကျွန်တော်တို့ ဒီပွဲကိုနိုင်ဖို့ဆိုရင် အရမ်းခက်ခဲမယ်ဆိုတာကို။ကျွန်တော်တို့ အကောင်းဆုံး လုပ်နိုင်မယ်ဆိုရင်တော့ ကျွန်တော် တို့လိုချင်တဲ့ ခြေစစ်ပွဲအောင်လက်မှတ်ကို ရမယ်လို့ ယုံကြည်ထားပါတယ်။

play

 

မေး- ကိုရီးယားမှာ ကစားရခြင်းက အသင်းအတွက် အကျိုးရလဒ် ပိုရှိစေမယ်လို့ ထင်ပါသလား။

ဖြေ- အဲ့လိုတော့ ကျွန်တော် မထင်မိပါဘူး။ဒါက နှစ်သင်းစလုံးအတွက်သင့်တင့်တဲ့ နေရာတစ်ခုလို့ ထင်ပါတယ်။အမှန်တစ်ကယ်တော့ ဒီပွဲစဉ်က ကျွန်တော်တို့ အဝေးကွင်းကစားရမယ့် ပွဲပါ။ဒါကြောင့် အခုလို တောင်ကိုရီးယားမှာ ပြန်ကစားရခြင်းကလည်း ဘာမှ သိသိသာသာ အကျိုးမပို စေပါဘူး။

မေး- ၂ ပွဲစလုံးကို နိုင်ဖို့အတွက် ယုံကြည်မှု ဘယ်လောက်ရှိသလဲ။

ဖြေ- မကာအိုနဲ့ပွဲကို မစဉ်းစားသင့်သေးပဲ အခုကစားမယ့် ကာဂျစ်နဲ့ပွဲကိုသာ အာရုံစိုက်ထားဖို့လိုပါတယ်။ဒါပေမယ့် ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တ်ာတို့ နှစ်ပွဲစလုံး အနိုင်ယူပြီးခြေစစ်ပွဲအောင်မြင်နိုင်မယ်ဆိုတာ။

play

 

မေး- အခုကစားနေတဲ့ လိဂ်ပြိုင်ပွဲအပြင် နိုင်ငံအသင်းနဲ့အောင်မြင်ဖို့အတွက် အောင်သူရဲ့ နောက်ထပ် ဖိအားတစ်ခုဖြစ်လာမလား။

ဖြေ- ကျွန်တော် ဘာဖိအားဒဏ်မှ နောက်ထပ် မခံစားရပါဘူး။ကျွန်တော့်ကိုယ်ကျွန်တော်အကောင်းဆုံးပြင်ဆင်ပါတယ်။ထိုင်းကလပ်တွေနဲ့ ကစားနေရခြင်းက ကျွန်တော့်ကို ပိုပြီးကောင်းမွန်စေပါတယ်။ဒါ့အပြင် အခြားသော မြန်မာနိုင်ငံက အရည်အသွေးမြင့်ကစားသမားတွေလည်းဒီ မှာရှိနေပါတယ်။ကျွန်တော် ထိုင်းလိဂ်မှာ ကောင်းမွန်စွာ ကစားနိုင်မယ်ဆိုရင် နောက်ထပ် မြန်မာနိုင်ငံသားကစားသမားတွေလည်း ထိုင်းလိဂ်ကို ထပ်မံရောက်ရှိလာကြမယ်လို့ ယူဆထားပါတယ်။

play
ကာဂျစ်နဲ့ပွဲအတွက် အသင်း အစည်းအဝေး ပြုလုပ်နေစဉ်။

 

မေး- ခြေစစ်ပွဲအောင်မြင်ခဲ့ရင် တိုင်းပြည်အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိလာလိမ့်မလဲ။

ဖြေ- ဒီပွဲကစားနေချိန် တစ်နိုင်ငံလုံး ကျွန်တော်တို့နောက်မှာ ရှိနေမှာပါ။ဒါက နိုင်ငံအတွက် အမြဲတမ်း ပေးဆပ်ကစားချင်တဲ့ အဓိက စိတ်ကို ဖြစ် စေတဲ့အကြောင်းရင်းပါပဲ။ကျွန်တော်တို့လည်း မြန်မာနိုင်ငံအတွက် အကောင်းဆုံး ပြန်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

မေး- မြန်မာလိဂ်နဲ့ ထိုင်းလိဂ်ကို နှိုင်းယှဉ် သုံးသပ်ပေးပါအုံး။

ဖြေ- လိဂ်နှစ်ခုကတော့ အရမ်းကွာဟပါတယ်။ထိုင်းလိဂ်ကလပ်အသင်းတွေက အရမ်းကို ပြိုင်ဆိုင်မှု ပြင်းထန်ကြပြီး အရည်အသွေးမြင့် ကစား သမားတိုင်းကို အသင်းတိုင်းက ပိုင်ဆိုင်ထားကြပါတယ်။ဒါက ကျွန်တော့်အတွက်တော့ အခွင့်အရေးကောင်းကြီး တစ်ရပ်ပါပဲ။

အောင်သူအနေနဲ့ မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းမှ ထိုင်းကလပ် Police Tero အသင်းကို ယခုနှစ်ဘောလုံးရာသီမှာ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေခြင်းဖြစ်ပြီး ပထမဆုံး ထိုင်းလိဂ်(၁)မှာ ကစားတဲ့ မြန်မာကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူ ဖြစ် ပါတယ်။

မြန်မာအသင်းအနေနဲ့ ၁၉၆၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အာရှဖလား ၀င်ခွင့်ပြန်လည်ရရှိဖို့အတွက် ကာဂျစ်အသင်းကို မဖြစ်မနေ အနိုင် ကစားဖို့လိုအပ်နေတာလည်း ဖြစ်ပါတယ်။

Source- AFC.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD