လာမယ့် မတ်လအတွင်းမှာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ ကစားဖို့ ရှိတဲ့ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ စုစည်းလေ့ကျင့်မှုများကို ယခုလ ဒုတိယပတ်အတွင်း ခေါ်ယူလေ့ကျင့်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

play

မြန်မာ ကလပ်အသင်းများဖြစ်တဲ့ ရန်ကုန်ယူနိုက်တက်နဲ့ ရှမ်းယူနိုက်တက်တို့မှာလည်း AFC Cup ပွဲစဉ်များကစားဖို့ ရှိနေတာကြောင့် အဆိုပါ ပွဲ များ ကစားအပြီး ဖေဖော်ဝါရီလ ဒုတိယအပတ် ၁၅ ရက်နေ့လောက်မှသာ စတင်လေ့ကျင့်သွားနိုင်မယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က သတင်းထုတ်ပြန်ပေးထားပါတယ်။

play

 

အဆိုပါ စုစည်းလေ့ကျင့်မယ့် လူစာရင်းမှာ ပါဝင်လာမယ့် ကစားသမားများအနေနဲ့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်များကို လာရောက်ပူးပေါင်း ရမည်ဖြစ်ကာ ပြည်တွင်းလိဂ်များမှာ ကစားနေတဲ့ ကစားသမားများအပြင် ပြည်ပ လိဂ်များမှာ ကစားနေတဲ့ ကစားသမားများလည်း ရွေးချယ်ခံရ ပါက လာရောက်ပူးပေါင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

လက်ရှိမှာ ထိုင်းလိဂ် ကလပ်အသင်းများမှာ သွားရောက်ကစားနေတဲ့ မြန်မာကစား ၇ ဦး ရှိနေပြီး ယင်းကစားများအနေနဲ့လည်း လက်ရွေးစင် အသင်းရွေးချယ်ရေးအတွက် နည်းပြချုပ် ဂတ်ဆီဇီရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတယ်လို့ သိရပြီး လူစာရင်းရွေးချယ်ရေးမှာ ပါဝင်ပါက သတ်မှတ် ရက်များမှာ အသင်းလေ့ကျင့်ခန်းများကို လာပူးပေါင်းရမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံး ကစားထားတဲ့ အိန္ဒိယအသင်းနဲ့ အာရှဖလား ခြေစစ်ပွဲပွဲမှာတော့ လက်ရှိ ထိုင်းလိဂ်(၁)မှာ ကစားနေတဲ့ ကျော်ကိုကိုနဲ့ အောင်သူတို့ အရွေးချယ်ခံထားရပြီး နောက်ထပ် ကစားသမားတစ်ယောက်ဖြစ်တဲ့ နန္ဒ လင်းကျော်ချစ်ကတော့ ရွေးချယ်ခြင်း မခံထားရပါဘူး။

ထိုင်းလိဂ်(၂)မှာ ကစားနေတဲ့ မြန်မာ့လက်ရွေးစင်ဟောင်းကစားသမားများဖြစ်ကြတဲ့ ကောင်းဆက်နိုင်နဲ့ အောင်ကျော်နိုင်တို့လည်း လက်ရွေးစင် အသင်းအတွက် အခွင့်အရေး ရှိနေသလို လိဂ်(၃)မှာ ကစားနေတဲ့ ကစားသမားများလည်း အခွင့်အရေးရှိနေတယ်လို့ သိရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ လာမယ့် မတ်လ ၂၂ ရက်နေ့မှာ ကာဂျစ်နဲ့ကစားရမှာ ဖြစ်ပြီး ကစားရမယ့် ကွင်းကို မသိရှိရသေးပဲ ၂၇ ရက် နေ့မှာ မကာအိုအသင်းနဲ့ ဆက်လက်ကစားရမှာလည်း ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video