Local Sports: ကျပ်သိန်း ၃၅၀၀ ကျော်အကုန်ခံပြီး ကျင်းပမယ့် KBZ Bank Cup

မလေးရှားဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ကျင်းပတာပါ။

play

 

SEA Games ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုအနေနဲ့ ကမ္ဘောဇဘဏ်ရဲ့ ပံ့ပိုးမှုနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဦးစီးကျင်းပမယ့်  KBZ Bank Cup ပြိုင်ပွဲကို ကျပ်သိန်း ၃၅ဝဝ ကျော် အကုန်ကျခံ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဇွန်လ ၂၈ ရက်ကနေ ဇူလိုင် ၂ ရက်အထိ သုဝဏ္ဏကွင်းမှာ ကျင်းပမယ့် KBZ Bank Cup 2017 ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဒီနေ့ (ဇွန်လ ၁၉ ရက်) က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာ ကျင်းပခဲ့ပါတယ်။

KBZ Bank Cup ပြိုင်ပွဲမှာ မြန်မာ၊ ဟောင်ကောင်၊ ကမ္ဘောဒီးယားနဲ့ ဂျပန်တက္ကသိုလ် ယူ ၂၂ အသင်းတို့ ပတ်လည်စနစ်နဲ့ ယှဉ်ပြိုင်မည်ဖြစ်ကာ အမှတ်အများဆုံးအသင်းက အနိုင်ရဗိုလ်စွဲမှာ ဖြစ်ပါတယ်။

play

 

ဒီပြိုင်ပွဲမှာ ပထမဆုအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅ဝဝဝ ချီးမြှင့်မှာဖြစ်ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုနဲ့ ဂိုးသွင်းအများဆုံး ဆုတွေကိုလည်း ချီးမြှင့်မယ်လို့ သိရပါတယ်။

ပြိုင်ပွဲအတွက် ကွင်းဝင်ကြေးတွေအနေနဲ့ အထူးတန်း ကျပ်သုံးထောင်၊ ရိုးရိုးတန်း ကျပ်နှစ်ထောင်နဲ့ ကျပ်တစ်ထောင်တို့ သတ်မှတ်ထားပြီး လှည်းတန်းစင်တာ၊ ဗိုလ်ချုပ်အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်းတို့မှာ ဇွန်လ ၂၅ ရက်နေ့ကနေ စတင်ရောင်းချပေးသွားမှာဖြစ်ပြီး ပြိုင်ပွဲကို For Sports ၊ MRTV နဲ့ MWD ရုပ်သံလိုင်းတို့ကနေ တိုက်ရိုက်ပြသနိုင်ဖို့ ညှိနှိုင်းနေပါတယ်။

Source : The Voice

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ