AD
AD
AD

ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန်မှာ ကာဂျစ်အသင်းနဲ့ မြန်မာအသင်းတို့ဟာ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ ပြန်ကန်ပွဲစဉ်အဖြစ် တောင် ကိုရီးယားနိုင်ငံမှာ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မှာ ကာဂျစ်အသင်းနဲ့ အာရှဖလားခြေစစ်ပွဲကစားဖို့ ကာဂျစ်ကို သွားရောက်ခဲ့စဉ် လုံခြုံရေး အခြေအနေကြောင့် ပွဲပျက်ခဲ့ရပြီး ယခုလို တောင်ကိုရီးယားနိုင်ငံမှာ ကြားကွင်းအဖြစ် ပြန်လည်ကစားစေဖို့ အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ အာရှဖလားပြိုင်ပွဲကို ၀င်ရောက်ခွင့်မရခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာမြင့်နေပြီဖြစ်ပြီး ယခုတစ်ကြိမ် ခြေစစ်ပွဲမှာ တော့ ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးတစ်ချို့ကို ပိုငဆိုင်ထားတာလည်း ဖြစ်ပါတယ်။

play

 

အကြောင်းကတော့ ယနေ့ ကစားမယ့် ကာဂျစ်အသင်းကို မဖြစ်မနေအနိုင်ကစားဖို့လိုအပ်နေတာလည်း ဖြစ်ပါတယ်။မြန်မာအသင်းအနေနဲ့ ကာ ဂျစ်ကို အနိုင်ကစားနိုင်ခဲ့ပါက နောက်ဆုံးပွဲစဉ်မှာ ကိုယ့် ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိမှာ ဖြစ်ပြီး ရှုံးနိမ့်လို့တော့ လုံးဝမရတဲ့ အနေအထားမျိုးမှာ ရောက်နေတာလည်း ဖြစ်ပါတယ်။

play

 

အမှတ်ပေးဇယားရပ်တည်မှုအရ အိန္ဒိယအသင်းက အုပ်စုပထမအနေရာကနေ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပြီး ဒုတိယနေရာကနေ ခြေစစ်ပွဲ အောင်ဖို့ မြန်မာနဲ့ ကာဂျစ်တို့ အခွင့်အရေး ဆတူရှိနေတာလည်း ဖြစ်ပါတယ်။

ကာဂျစ်အသင်းက ရမှတ် ၇ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပြီး မြန်မာအသင်းက ၅ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေတာ လည်း ဖြစ်ပါတယ်။

ဒါကြောင့် ယခုပွဲစဉ်မှာ မြန်မာအသင်းက အနိုင်ရခဲ့ပါက ရမှတ် ၈ မှတ်နဲ့ အုပ်စု ဒုတိယနေရာကို ရယူနိုင်မှာ ဖြစ်ပြီး နောက်ဆုံး ပွဲစဉ်အဖြစ် က စားမယ့် မကာအိုနဲ့ပွဲကို ထပ်မံ အနိုင်ယူနိုင်ပါက ၂၀၁၉ အာရှဖလားခြေစစ်ပွဲကြီးကို တက်လှမ်းခွင့်ရသွားမှာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ ကာဂျစ်ကို အနိုင်ယူဖို့သာ လိုရတဲ့အကြောင်းရင်းကလည်း မကာအိုနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပထမအကျော့ပွဲစဉ်မှာ မြန်မာ အသင်းက ၄-၀ ဂိုးနဲ့ အနိုင်ရရှိထားခဲ့တာကြောင့် မတ်လ ၂၇ ရက်နေ့မှာ မကာအိုနဲ့ ပြန်ကစားရမယ့် အိမ်ကွင်းပွဲစဉ်မှာ နိုင်ပွဲအတွက် မဝေးတဲ့အနေအထားမှာရှိတာကြောင့်လည်း ကာဂျစ်ကိုသာ မဖြစ်မနေ ရေကုန်ရေခမ်း အနိုင်ကစားဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ယနေ့ ကစားမယ့် ပွဲစဉ်ကိုတော့ မြန်မာ့ရုပ်မြင်သံကြားနဲ့ မြ၀တီ ရုပ်မြင်သံကြားတို့ကလည်း တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမယ်လို့ သိရပြီး For Sports ရုပ်သံလိုင်းကနေလည်း တိုက်ရိုက်ပြသသွားမယ်လို့ သိရပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ မနေ့က နေ့အပူချိန်ကတော့ ၃ ဒီဂရီသာရှိတာကြောင့် နှစ်သင်းစလုံးအတွက် အတော်လး ခက်ခဲတဲ့ ရာသီဥတုအခြေ အနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိထားရပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ကြာ ဝေးကွာနေတဲ့ အာရှဖလားဝင်ခွင့်ကို ဖမ်းဆုပ်နိုင်ဖို့ မြန်မာအသင်းအတွက် ရမှတ် ၆ မှတ်သာ လိုအပ်နေတော့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD