Local Sports: ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)မှာ LED နဲ့ ပြမယ်

လက်မှတ်မရတဲ့ ပရိသတ်တွေအတွက် ပြသမှာပါ။

play

 

ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ဖြစ်တဲ့ မြန်မာအသင်းနဲ့ထိုင်းအသင်းတို့ ပွဲစဉ်ကြည့်ရှုဖို့ လက်မှတ်မရှိသူတွေအတွက် သုဝဏ္ဏ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)မှာ LED နဲ့ ပြသနိုင်ဖို့ အချိန်မီ တပ်ဆင်နေတယ်လို့ သိရပါတယ်။

ထိုင်းအသင်းနဲ့ကစားမယ့် အကြိုဗိုလ်လုပွဲအတွက်လက်မှတ်တွေကို နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက အကုန်ရောင်းချခဲ့ပြီးဖြစ်လို့ လတ်မှတ်မရှိတဲ့ ပရိသတ်တွေအတွက်အခုလို အရေးပေါ်စီစဉ်လိုက်တာလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

play

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကွင်းဝင်ဆံ့တဲ့ အရေအတွက်အတိုင်းပဲ ရောင်းချပေးခဲ့ရလို့ လက်မှတ်မဝယ်လိုက်ရတဲ့ ပရိသတ်တွေအနေနဲ့ မြန်မာ့ရုပ်မြင်သံကြား(MRTV) နဲ့ MRTV-4 ရုပ်သံတွေကအပြင်  YTC ကွင်းနားက အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) မှာ တိုက်ရိုက်ပြသမယ့် LED ကနေ အားပေးကြည့်ရှုကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Source & Photos : MFF

မြန်မာနဲ့ ထိုင်းအသင်းကန်မယ့် ဆူဇူကီးအကြိုဗိုလ်လုပွဲကို သင်ဘယ်မှာကြည့်မှာလဲ ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ