AD
AD
AD

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် M-150 ယူ-၂၃ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲအတွက် အုပ်စု မဲခွဲမှုကို မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

မြန်မာ ယူ-၂၃ အသင်းအနေနဲ့ အုပ်စု(ခ)တွင် ဗီယက်နမ်ယူ-၂၃ အသင်း၊ဥဇဘတ်ကစ္စတန် ယူ-၂၃ အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

play

အုပ်စု(က)မှာတော့ အိမ်ရှင် ထိုင်းယူ-၂၃ အသင်းနဲ့အတူ၊ဂျပန်ယူ-၂၃ နဲ့ မြောက်ကိုရီးယား ယူ-၂၃ အသင်းတို့ ကျရောက်နေပါတယ်။

 

ပြိုင်ပွဲကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာအသင်းမှာ ဒီဇင်ဘာ ၉ ရက်နေ့တွင် ဗီယက်နမ်အသင်းနဲ့လည်းကောင်း၊ ၁၁ ရက်နေ့တွင် ဥဇဘတ်ကစ္စတန်အသင်းနဲ့လည်းကောင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

၁၅ ရက်နေ့မှာတော့ တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲတို့ကို ဆက်လက်ကစားမှာ ဖြစ်ပြီး အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်နိုင်တဲ့ နှစ်သင်းက တတိယနေရာလုပွဲကစားရမှာ ဖြစ်ပြီး အုပ်စု ဗိုလ်နှစ်သင်းမှာ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ယခုကျင်းပတဲ့ ဖိတ်ခေါ်ပြိုင်ပွဲမှာ အာရှ ယူ-၂၃ ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုတစ်ရပ်အနေနဲ့ ထိုင်းနိုင်ငံက ဖိတ်ခေါ်ကစားတာကြောင့် ပါဝင်ယှဉ်ပြိုင်တဲ့ အသင်းများမှ မြန်မာအသင်းကလွဲ၍ ကျန်အသင်းများမှာ အာရှ ယူ-၂၃ ခြေစစ်ပွဲအောင်မြင်ပြီးသားအသင်းများဖြစ်ပါတယ်။

အဆိုပါပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင် ယူ-၂၃  ပဏာမအသင်းကို ဖွဲ့စည်ထားပြီ ဖြစ်ပြီး နည်းပြချုပ်အဖြစ် လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဆီဇီက ဆက်လက်တာဝန်ယူကိုင်တွယ်မှာ ဖြစ်ပါတယ်။

Postby

Photos- MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD