ဒုတိယပွဲစဉ်အဖြစ် ကမ္ဘောဒီးယားကလပ် U.Y.F.C Komchaymear အသင်းနဲ့ ဆက်လက်ကစားရပါမယ်။

မြန်မာနိုင်ငံက MIC အသင်းက ကိုယ်စားပြု -ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပြီး ယခင်က တတိယ နှစ်ကြိမ်အထိ ရရှိထားဖူးပါတယ်။

Photo - MIC

 

AFF Futsal Club Championship 2018 ရဲ့ ပထမဆုံးပြိုင်ပွဲ အဖြစ် MIC FC နဲ့ ဘရူနိုင်းကလပ် Aribisyam FC တို့ဟာ ဒီကနေ့ ဇူလိုင် ၁၅ရက်နေ့ မြန်မာစံတော်ချိန် မနက် ၁၁ နာရီ အချိန်မှာ အင်ဒိုနားရှားနိုင်ငံ ယိုဂျာကာတာမြို့ Stadium UNYအတွင်း ယှဉ်ပြိုင်ကစားကြပါတယ်။

မြန်မာကလပ်အသင်းဖြစ်တဲ့ MIC အသင်းက ၉-၀ ဂိုးနဲ့ ဘရူနိုင်းကလပ် Aribisyam FC အသင်းကို အနိုင်ရရှိခဲ့ပြီး အဖွင့်ပွဲ မျက်နှာပန်းလှခဲ့ပါ တယ်။

 

ဒီပြိုင်ပွဲကို အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပနေတာ ဖြစ်ပြီး အာဆီယံ နိုင်ငံကိုယ်စီက ပြည်တွင်းဖူဆယ်လိဂ် တွေက ချန်ပီယံတွေပဲ ပါဝင်ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

MIC အသင်းကတော့ ပြီးခဲ့တဲ့နှစ်က ပြည်တွင်း ဖူဆယ်လိဂ်မှာ ချန်ပီယံတော့ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ ချန်ပီယံ ဖြစ်ခဲ့တဲ့ ပြည်ယူနိုက်တက်အ သင်းက အသင်းဖျက်သိမ်းလိုက်တာကြောင့် အဆိုပါ အသင်းနေရာမှာ အစားထိုးဝင်ရောက်ယှဉ်ပြိုင်နေတာလည်း ဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း MIC အသင်းဟာ ယခု ယှဉ်ပြိုင်နေတဲ့ AFF Futsal Club Championship ပြိုင်ပွဲကို ယခင်က ၂ ကြိမ်တိတိ ဝင်ရောက် ယှဉ်ပြိုင် ဖူးပြီး တတိယ နှစ်ကြိမ် ရရှိထားပါတယ်။

ဒီနှစ်ပြိုင်ပွဲမှာတောာ့ မြန်မာကလပ် MIC အသင်းဟာ အုပ်စု(က)မှာ ယခုကစားခဲ့တဲ့ ဘရူနိုင်းကလပ် Aribisyam FC၊ သြစတြေးလျ ကလပ် East Coast Heat နဲ့ ကမ္ဘောဒီးယား ကလပ် U.Y.F.C Komchaymear တို့နဲ့အတူ ကျရောက်နေပါတယ်။

သြစတြေးလျ ကလပ်အသင်းနဲ့ကတော့ ၂၀၁၅ ခုနှစ်တုန်းက တတိယနေရာလုပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး MIC အသင်းက ၄-၂ ဂိုးနဲ့ အနိုင်ရရှိထားပါ တယ်။

အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်က စတင်ကျင်းပခဲ့တာ ဖြစ်ပြီး ကျင်းပခဲ့တဲ့ ၃ ကြိမ်စလုံးမှာ ထိုင်းကလပ် Port အသင်းက သာ ချန်ပီယံ ဖြစ်ထားပြီး အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေပါတယ်။

မြန်မာအသင်းကတော့ အုပ်စု ဒုတိယပွဲစဉ်အဖြစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ကမ္ဘောဒီးယားကလပ် U.Y.F.C Komchaymear အသင်းနဲ့ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က