Local Sports: အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ခွင့်ရသွားတဲ့ MIC ဖူဆယ်အသင်း

အာဆီယံဖူဆယ်လိဂ်ကလပ်ချန်ပီယံရှစ်ကို ဇူလိုင်လအတွင်း နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

play

 

၂၀၁၆ ဖူဆယ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ MIC ကပဲ ဗိုလ်စွဲသွားခဲ့ပြီး အာဆီယံဖူဆယ်လိဂ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိသွားပါတယ်။

 ၂၀၁၆  ဖူဆယ် ချန်ပီယံလိဂ်ကို (MFF Spy Fustal League) ကို မေ ၁၄ ရက်နေ့က အမျိုးသားအားကစားရုံမှာ နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး MIC အသင်းဟာ ဒုတိယနေရာမှာ ရှိတဲ့ PU အသင်းကို ၃ မှတ်ဖြတ်ကာ ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။  ပထမဆုအတွက် MIC အသင်းဟာ ဆုကြွေးငွေ သိန်း ငါးဆယ်ရရှိခဲ့ပြီး ဒုတိယဆုအဖြစ် PU အသင်းဟာ ကျပ်သိန်း ၃၀ ရရှိခဲ့ပါတယ်။ 

တတိယနဲ့ စတုတ္ထအသင်းတွေကိုလည်း ဆုကြေးငွေ ကျပ်သိန်း နှစ်ဆယ်နဲ့ ဆယ်သိန်းစီ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ MIC ဖူဆယ်ကလပ်အသင်းဟာ အာဆီယံနိုင်ငံတွင်းက ဖူဆယ်ကလပ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အာဆီယံဖူဆယ်လိဂ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင်လအတွင်း နေပြည်တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos  Source:  MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ