ဒီပြိုင်ပွဲမှာ တတိယဆုကို အမြင့်ဆုံး ၂ ကြိမ်ထိရထားဖူးပါတယ်။

အုပ်စုတွင်း ၃ ပွဲကစားခဲ့ရာမှာ ဘရူနိုင်းနဲ့ကမ္ဘောဒီးယားကလပ်တွေကိုအနိုင်ယူခဲ့ပြီး သြစတြေးလျကလပ်နဲ့သရေကျကာ ရမှတ်တူ ဂိုးကွာခြား ချက်နဲ့ အုပ်စုဒုတိယမှ ဆီမီးဖိုင်နယ်ကို တက်ရောက်လာတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ် ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ MIC ဖူဆယ်ကလပ်အသင်းဟာ ယခုဆိုရင်တော့ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပါပြီ။

ဒီအချိန်မှာတော့ အာဆီယံဒေသတွင်း ထိပ်ဆုံးက အမြဲရပ်တည်နေတဲ့ ထိုင်းနိုင်ငံက Bangkok BTS FC အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး မနက် ဖြန် ဇူလိုင်လ ၁၉ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာပါ။

 

ယခု MIC အသင်းတွေ့ဆုံရမယ့် ထိုင်းအသင်းက မနှစ်က ထိုင်းဖူဆယ်အက်ဖ်အေဖလားချန်ပီယံ ဖြစ်ထားခဲ့လို့ ယခုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၀၆ ခုနှစ်က စတင်ခဲ့တဲ့ ထိုင်း ဖူဆယ်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ အသင်းတည်ထောင်တဲ့ ၂၀၀၈ ခုနှစ်မှ စတင်ကာ ဝင်ရောက် ယှဉ်ပြိုင်လာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ ဒုတိယဆုကိုလည်းကောင်း၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ တတိယဆုတွေကိုလည်းကောင်း အသီးသီး နေရာယူထားနိုင်ပါတယ်။

 

၂၀၁၇ ခုနှစ်မှာတော့ လိဂ် တတိယဆုအပြင် ဖူဆယ်အက်ဖ်အေကိုပါရယူနိုင်ခဲ့တာ ဖြစ်ပြီး ထိပ်တန်း အဆင့်ရှိတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါ တယ်။

မနှစ်ကပြုလုပ်ခဲ့တဲ့ အာဆီယံ ဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံက ပြည်ယူနိုက်တက် ပါဝင်ခဲ့ကာ အုပ်စုအဆင့်နဲ့သာ ကျေနပ် ခဲ့ရတာလည်း ဖြစ်ပါတယ်။

ယခု မြန်မာကလပ် MIC အသင်းကတော့ မနှစ်က ဖူဆယ်လိဂ်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ ပြည်ယူနိုက်တက်အသင်းက အသင်းဖျက်သွားခဲ့လို့ ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်ပေမယ့်လည်း ယခင်ကတော့ မြန်မာဖူဆယ်လိဂ် ချန်ပီယံအဖြစ်နဲ့ ပါဝင်ထားဖူးပါတယ်။

၂၀၁၅ ခုနှစ်က စတင်ပြီး ပါဝင်ထားကာ အဆိုပါနှစ်မှာ တတိယဆုနဲ့ ၂၀၁၆ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းခဲ့တဲ့ ပြိုင်ပွဲမှာလည်း ယခု အုပ်စုတွင်း ပြိုင်ဖက် သြစတြေးလျ ကလပ် East Coast Heat အသင်းကို ၄-၂ ဂိုးနဲ့ အနိုင်ယူပြီး တတိယရရှိထားပြန်ပါတယ်။

ဒါကြောင့် အစဉ်အလာအားဖြင့် အနိမ့်ဆုံး ဆီမီးဖိုင်နယ်ကို တက်လှမ်းလေ့ရှိတဲ့ MIC အသင်း ဒီတစ်ကြိမ်မှာရော ဆီမီးဖိုင်နယ်အဆင့်ကို ကျော် လွန်ကာ ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်မလား လိဂ်အဆင့်အတန်းကအစ အစစအရာရာ သာလွန်နေတဲ့ ထိုင်းကလပ် Bangkok Futsal Club ကပဲ အနိုင်ယူသွားမလား မနက်ဖြန်မှာ စောင့်ကြည့်ရမှာပါ။

ဒီပွဲကိုတော့ မြန်မာစံတော်ချိန် ဇူလိုင်လ ၁၉ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာပါ။

Share

Loading Next Article...
က္က