တတိယဆုကို တတိယအကြိမ်မြောက်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာကလပ် MIC အသင်းအနေနဲ့ တတိယနေရာကို တတိယအကြိမ်မြောက် ရရှိခဲ့တာလည်း ဖြစ်ပြီး ၁၁ ဂိုး ၁၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါ တယ်။

Photo - MIC FC

 

အာဆီယံ ဖူဆယ် ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲကို ဒီကနေ့ နေ့လယ်ပိုင်းက ကစားခဲ့ရာမှာတော့ မြန်မာကလပ် MIC အသင်း က အိမ်ရှင် အင်ဒိုနီးရှားကလပ် SKN FC ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့ပါတယ်။

ဦးဆောင်ဂိုးကိုမထိန်းနိုင်လို့ အာဆီယံဘုရင်ကို နန်းချခွင့် လက်လွှတ်လိုက်ရတဲ့ မြန်မာ 

ဆီမီးဖိုင်နယ်မှာ ကိုယ်စီ ရှုံးနိမ့်ခဲ့ကြပြီး မြန်မာအသင်းက ထိုင်းကလပ် ကို ၃-၁ ဂိုးနဲ့လည်းကောင်း၊အင်ဒိုကလပ်က သြစတြေးလျကလပ်ကို ရှုံးနိမ့် ခဲ့ကြတာ ဖြစ်ပါတယ်။

Photo - MIC FC

ယနေ့ တတိယနေရာလုပွဲမှာတော့ ပထမပိုင်းမှာ တစ်ဖက် တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်း အရောက်မှာတောာ့ တစ်ဖက် ၂ ဂိုးစီ ထပ်မံ သွင်းယူခဲ့ကြလို့ ပွဲအပြီးမှာ ၃ ဂိုးစီ သရေကျနေခဲ့ပါတယ်။

အဲ့နောက် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ မြန်မာကလပ် MIC အသင်းက ၁၁ လုံးဝင်ပြီး အင်ဒိုကလပ်က ၁၀ လုံးသာဝင်ခဲ့လို့ မြန်မာ အသင်းက တတိယနေရာကို ရရှိခဲ့ပါတယ်။

မြန်မာကလပ် MIC အသင်းအနေနဲ့ ၂၀၁၅ နဲ့ ၂၀၁၆ တွေမှာ ယခုလိုပဲ တတိယနေရာကို အမြင့်မားဆုံး နှစ်နှစ်ဆက် ရယူထားနိုင်ပြီး ဒီတစ်ကြိမ် ကတော့ တတိယအကြိမ်မြောက် တတိယဆုရရှိခြင်းလည်း ဖြစ်ပါတယ်။

မြန်မာကလပ်တွေအနေနဲ့ ယခုပြိုင်ပွဲကို စတင်ကျင်းပတဲ့ ၂၀၁၅ ခုနှစ်ကတည်းက ဝင်ရောက်ခဲ့ကြတာ ဖြစ်ပြီး MIC အသင်းက အမြင့်ဆုံး တတိ ယနေရာယူထားပေးပြီး ပြည်ယူနိုက်တက်ကတော့ မနှစ်က အုပ်စုနဲ့ ကျေနပ်ခဲ့ရပါတယ်။

Share

Loading Next Article...
က္က