Local Sports: ထိုင်းက MMA ပြိုင်ပွဲမှာ မြန်မာနှစ်ဦးစလုံးရှုံး

ပထမအချီမှာတင် ကြမ်းပြင်ပေါ်လှဲချထိုးသတ်ကာ One Shin က အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

play

 

ထိုင်းမှာ ကျင်းပခဲ့တဲ့ MMA ပြိုင်ပွဲမှာ မြန်မာရိုးရာလက်ဝှေ့သမားနှစ်ဦးစလုံး ရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။

play

 

 One Championship (MMA) ပြိုင်ပွဲကို မေ ၂၇ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့သမား ကြယ်လင်းအောင်နဲ့ ရဲသွေးနီတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ကြယ်လင်းအောင်ဟာ ထိုင်းနိုင်ငံသား One Shin နဲ့ယှဉ်ပြိုင်တာဖြစ်ပြီး ပထမအချီမှာတင် ကြမ်းပြင်ပေါ်လှဲချထိုးသတ်ကာ One Shin က အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။

play

 

ရဲသွေးနီတို့ပွဲမှာလည်း ယှဉ်ပြိုင်ဘက်ထိုင်းနိုင်ငံသား Punhood က အနိုင်ယူကာ သူ့ရဲ့ ခုနှစ်ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ထိန်းသွားခဲ့တာ ဖြစ်ပါတယ်။

Source: 7Day Daily

Photos Source: One Championship (Facebook)

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ